Khit Thit Media အပါအဝင် သတင်းဌာနများ၏ သတင်းများ မယုံကြရန် နေပြည်တော်စစ်ရုံးက တပ်ရင်းတပ်ဖွဲ့များထံ သတိပေးချက်ထုတ်ပြန်၊ ဩစ တြေးလျက CDM စစ်သားများကို ခိုလှုံခွင့်ဗီဇာပေးဆိုသည့် သတင်း မဟုတ်မှန်ဟု စစ်တပ်က လိမ်လည်ကြေညာ


Khit Thit Media အပါအဝင် Mizzima၊ DVB၊ သစ်ထူးလွင်စသည့်သတင်းဌာနများ၏ သတင်းအချို့သည် သတင်းတု သတင်းမှားများဟုလည်းကောင်း CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံသည့် ပြည်သူ့စစ်သားများကို ဩစတျေးလျနိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသည့်သတင်းအပေါ် သတင်းအမှားဟုလည်းကောင်း နေပြည်တော်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးက တပ်ရင်းမှူး၊ တပ်မှူးများထံ အသိပေးထုတ်ပြန်ချက်ပေးပို့ပြီး အောက်ခြေတပ်သားများကို စည်းရုံးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
အဆိုပါ စာတွင် ခေတ်သစ်မီဒီယာအပါအဝင် မီဒီယာများကို ပြည်ဖျက်မီဒီယာများဟု ဖော်ပြထားပြီး သတင်းများသည် တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန် ထိုးနှက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မတ်လ ၁၅ ရက်နေ့ မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို လုပ်ကြံသတင်းအတုဟု ဖော်ပြထားသည်။
ယင်းအပြင် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်၍ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည့် စစ်သားများကို ပြစ်ဒစ်ကျခံရမည့် အရာရှိများဟုလည်း ကောင်း၊ ဩစတျေးလျနိုင်ငံမှ CDM စစ်သားများကို နိုင်ငံရေးခိုလှုံခွင့်ပေးသည့်သတင်းများကို အတုဟုလည်းကောင်း၊ CDM စစ် သား များပြားလာစေရန် လှုံဆော်ခြင်းဟုလည်း ကောင်း ဆိုသည်။
အဆိုပါ CDM စစ်သားများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်လည်းကောင်း၊ ဆက်စပ်သူများကို ရာဇသတ်ကြီးဥပဒေ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်လည်းကောင်း အရေးယူဆောင်ရွက်နေကြောင်း၊ NUG နှင့် မီဒီယာများတွင်ဖော်ပြသည့် CDM စစ်သားများ၏ သတင်းများကို နားမယောင်စေရန် သတိပြုကြရန်ဟု ရေးသားထုတ်ပြန်ထားသည်။khit thit