Monthly Archives: Apr 2022

စစ်ကိုင်း၊ မကွေးနှင့် ကချင်တို့တွင် စစ်ကောင် စီ စစ်ကြောင်းနှင့် တပ်စခန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၉ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သား ၁၉ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မကွေး၊ ရေစကြို

မကွေးတိုင်း ရေစကြိုမြို့နယ် ရှင်မတောင် တောင်တက်လမ်းပိုင်းတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ် ဖွဲ့များ လိုက်ပါ လာသည့် ကား ၁စီး၊ ဆိုင်ကယ် ၃စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defense Force Yesagyo က ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိပြီး အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မကွေး၊ မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း – မြိုင်မြို့ လမ်းပိုင်ရှိ ယာကြီးပြင်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ် ရေး တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ နံနက် ၉နာရီ ၄ဝမိနစ်ခန့်နှင့် ၁၂နာရီ ၃ဝမိနစ်ခန့်တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည် အရေအတွက် အတည်မပြုနိုင်သေးကြောင်း MVRF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂ရက်နေ့ နံနက် ၉နာရီ ၄ဝမိနစ်ခန့်တွင် ရွာသစ်ကြီးရွာနှင့် ဘောင့်ဘင်ရွာ အနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် Myaing Villages Revolution Front (MVRF)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့က ပူးပေါင်းကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက် နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁၂နာရီ ၃ဝမိနစ်ခန့်တွင်လည် ယာကြီးပြင်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Myaing Villages Revolution Front (MVRF)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့က ပူးပေါင်းကာ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက် အတည်မပြုနိုင်သေးကြောင်း MVRF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မကွေး၊ ရေစကြို

မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ခြေရွာမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ ထွက် မိုင်းများ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး သေဆုံး ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံ ခြုံရေးအဖွဲ့ CDSOMထံမှသိရသည်။

ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့နယ် ဆင်ခြေရွာမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီကို CDSOM အပါအဝင် ဒေသခံ ကာ ကွယ်ရေး ၂၂ဖွဲ့က ရွှေလံှရွာနှင့် မြစ်ဆုံရွာ အနီးတို့တွင် ရှေ့ထွက်မိုင်းများ ရှော့တိုက် ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကချင်

ကချင်ပြည်နယ် KIA တပ်မဟာ ၆ နယ်မြေ Munggu Mungbaw Howa Bum အနီးတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် အ ကြမ်းဖက် စစ်ကောင်စီ အင်အား ၇ဝကျော်ပါ စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် Mungbaw နယ်မြေ၊ Hugan ရွာအနီးတွင် မွန်းလွဲ ၂နာရီမှ ကနေ ၃နာရီ ၁၅မိနစ်ခန့်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေနှင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

စစ်ကိုင်း၊ ရွှေဘိုမြို့နယ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးတောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဧပြီလ ၃ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း C&T SHWEBO တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော စခန်းကို C&T SHWEBO, SNAKE EYES PDF ,PEPOLE DEFENCE FORCE SHWEBO, ALPHA-7 ,ဗိုလ်ကျားရိုင်း (ပ.က.ဖ), THE GUYS OF BURMA REVOLUTION FORCE, ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု (၂) တို့မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂ရက်နေ့၌လည်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာရှိ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို C&T SHWEBO, SNAKE EYES PDF ,PEPOLE DEFENCE FORCE SHWEBO , ALPHA-7 , ဒေါင်းမာန်အဖွဲ့နှင့်တပ်ပေါင်းစု (၂) တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်း၊ ကောလင်းမြို့

စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျောင်းသစ် ကျောင်းအပေါက်ဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဧပြီလ ၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် Kawlin Secret Warrior တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ၃ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း Kawlin Secret Warrior တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်း၊ မြောင်မြို့နယ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဧပြီလ ၃ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် စစ် သား ၇ဦးသေဆုံးခဲ့ကြောင်း CDSOM ထံမှ သိရသည်။

အဆိုပါ မြစ်ဆုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မင်းလှကျေးရွာအနီး ကင်းလှည့်နေစဉ် ဒေသခံကာကွယ် ရေး တပ်ဖွဲ့ ၂၂ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့များက ၆ဝ မမ ဗုံးသီး ၃လုံးနှင့် တပ်ကြပ်ယူနီဖောင်း တစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် ဇရပ်နီကျေးရွာသို့ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ဇရပ်နီးကျေးရွာမှ ကိုင်းတောထဲသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကာ ကွယ်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရသည်။khit thit

ထီးခီး- မေတ္တာ- ထားဝယ်လမ်း၌ ဓာတ်ငွေ့သယ်ယာဉ် ၂ စီး မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဧပြီ ၁ ရက် နေ့လယ်ပိုင်းလောက်က AwRa Trading ကုမ္ပဏီပိုင် ဓာတ်ငွေ့သယ်ယာဉ် ၂ စီးကို အမည်မသိလက်နက်ကိုင်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့  ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။

ထိုင်းနယ်စပ် ထီးခီး- မေတ္တာ- ထားဝယ်လမ်းကြောင်းကနေ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းက အများပြည်သူအသုံးပြုဖို့အတွက် ထမင်း ချက်ဂက်စ်တွေကို ကစယ်ဒိုထူးကုမ္ပဏီက  AwRa Trading ကုမ္ပဏီပိုင်ဂက်စ်သယ်ယာဉ် ၂ စီးကိုငှားရမ်းပြီး  တင်သွင်းလာတဲ့ယာဉ်တွေလို့ ဆိုပါတယ်။

AwRa Trading ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ”ကျမတို့ ကုမ္ပဏီပိုင်ယာဉ် ၂ စီး မီးရှို့ခံလိုက်ရတာပါ။ မြဝတီလမ်းကြောင်းပိတ်တော့ ကားတွေနားထားရတော့  ကစယ်ဒိုထူးကုမ္ပဏီက ထီးခီးလမ်းကြောင်းကနေ ဂက်စ်တင်ဖို့ ခဏငှားပေးထားတာပါ။ ခါတိုင်းလည်း သွားနေကြ။ လမ်း ကြောင်းမှာ အစစ်အဆေးခံတော့ လေယာဉ်ဆီမဟုတ်ဘူးလို့ ရှင်းပြနေတုန်း မီးရှို့ခံလိုက်ရတယ်”လို့ ဆိုပါတယ်။

အဆိုပါယာဉ်တွေဟာ ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ၊ ထီးခီး-မေတ္တာလမ်းကြောင်းတလျှောက် ကေအန်ယူတပ်ဖွဲ့တွေရဲ့ အဆင့် ဆင့်စစ်ဆေးခံယူပြီး ဖြတ်သန်းခွင့်ရခဲ့တာဖြစ်ပြီး ထားဝယ်မြို့အနီးအရောက်မှာ အခုလို  မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လောင်စာဆီဈေးကြီးမြင့်လာတာ၊ လျှပ်စစ်မီးပျက်တောက်တာတွေကြောင့် စွမ်းအင်အစားထိုး ထိုင်းနိုင်ငံထုတ် မီးဖိုချောင်သုံးဓာတ်ငွေ့ရည်(LPGas)ကိုသာ စားသောက်ဆိုင်နဲ့ အိမ်တွေမှာ အဓိကအားထားအသုံးပြုနေရတဲ့အတွက်  ဓာတ်ငွေ့ရည်ပြတ်တောက်ပြီး ဈေး နှုန်းမြင့်မားလာမှာကို စိုးရိမ်နေကြတယ်လို့ ဘားအံမြို့ စာသောက်ဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည်(LPGas)တွေကို ထိုင်းနယ်စပ်၊ မဲဆောက်- မြဝတီလမ်းကြောင်းကနေ အဓိကတင်သွင်ပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိရောင်းချပေးနေတာပါ။

အခုအခါ မြဝတီကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ထားတဲ့အတွက်  မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ် ငန်းတွေရပ်နားထားရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ကွမ်းခြံကွေ့(အာရှလမ်းမကြီး)အနီးမှာ ဂတ်စ်တင်ကား ၂ စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အ တွက် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၇  ရက်က ကော့ကရိတ်မြို့ ကျိုက်ဒုံလမ်းခွဲအနီး အာရှလမ်းမပေါ်မှာ ကုမ္ပဏီပိုင် ဓာတ်ငွေ့ရည်(LPGas) တင်ဆောင်လာတဲ့တွဲကား ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ယာဉ် ၄ စီးထိ မီးလောင်ပျက်စီးခဲ့တာပါ။DVB

ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ် တပ်က ယခုညမီးရှို့၊ ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံရပြီး PDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို ယနေ့ည ၈ နာရီဝန်းကျင်တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်း မှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာသို့ လက်နက်ကြီး/လက်နက်ငယ်များ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ပြီး ရောက်ရှိနေသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ငါးတင်းကြီးရွာကို နံနက် ၉ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲ ၁နာရီတွင် တစ်ကြိမ် ပေါင်းနှစ်ကြိမ် မီးတင်ရှို့ထားရာ ညအချိန်အထိ မီးရောင်မြင်နေရသဖြင့် ရွာလုံးကျွတ်နီးပါး ပြာကျမှုများရှိလာနိုင်ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ၃ရက်နေ့ နံနက် ၈နာရီအချိန်တွင် မင်းဝံစိုက်ကွင်းကျေးရွာမှ ငါးတင်းကြီးကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံနေရကြောင်း၊ အိမ်ခြေတစ်ထောင်ကျော်ရှိသော ငါးတင်းကြီးကျေးရွာတွင် လူဦးရေ၃၀၀၀ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၁ရက်နေ့က ထနောင်းကိုင်းကြီးရွာကနေလက်နက်ကြီးနဲ့ပစ်ဝင်လာပြီးအိမ် ၄ လုံးနဲ့စာသင်ဆောင်တစ်ဆောင်မီးရှို့ဖျက်ဆီးခံရတယ်။ LPDF ၃ ဦးကျဆုံး၍ ၂ ဦးဒဏ်ရာရပါတယ်။ ၃ရက်နေ့မှာတော့ ငါးတွင်းကြီးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့နေကြတယ်” ဟုဒေသခံတစ်ဦးက ပြော သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်အတွင်း ဧပြီလ ၁ ရက်နေ့ မှစတင်၍ ထနောင်းကိုင်းကြီးကျေးရွာနှင့် မင်းဝံ စိုက်ကွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ​ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ၊ဧပြီလ ၂ ရက်နေ့တွင်မူ ရွှေလူးအိုင်ကျေးရွာသို့ ဦးတည်ပြီး စစ် ကြောင်း တစ်ကြောင်း ခွဲထွက်ထိုးစစ်ဆင်လာကြောင်း၊ ရွှေလူးအိုင်ကျေးရွာအဝင်တွင် ဒေသကာ ကွယ်ရေး အဖွဲ့ဝင်များ ရွာအဝင် ကင်းစောင့်နေစဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ရဲဘော် ၃ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ရွှေလူးအိုင်ကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ ကျဆုံးရဲဘော်သုံးဦးမှာ ကိုမိုးဝေအောင် အသက် ၁၉ နှစ်၊ ကိုတက် တူ အသက် ၁၉နှစ် ၊​ကိုဖြိုးဝေအောင် အသက် ၂၀ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။khit thit

သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို ပစ်သတ်၊ နေအိမ်များကို မီးရှို့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ  ရွာသား ၂ ယောက်ကို  ပစ်သတ်ခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ် စတင်ဝင်ရောက်လာတဲ့ အင်အား ၁၅၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတချို့မှာ စခန်းချတာ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်နေရာကနေ ဧပြီ ၂  ရက်က မယ်ကဲကျေးရွာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အ လှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် ဖမ်းဆီးထားခဲ့တယ်လို့သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က လူသားဒိုင်းနဲ့၀င်လာတာ၊ ကလေးတွေကိုအရှေ့မှာ သေနတ်နဲ့ထောက်ပြီးသွားခိုင်းထားတာ၊ လူကြီးတွေကိုရောပဲ။ ကျနော်တို့ လမ်းတလျှောက်မှာလည်း မီးရှို့ခံထားရတဲ့အိမ်တွေချည်းပဲ့ဗျာ” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အနည်းဆုံး လူနေအိမ်  ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ယောက်ကို  ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ အမျိုးသား ၂ ယောက်ထဲက  ဦးလင်းမောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ ဧပြီ ၃ ရက်မှာ တွေ့ရှိခဲ့ပြီး ရိုက်နှက်ဒဏ်ရာ၊ သေ နတ်ဒဏ်ရာတွေအပြင် လက်ထိပ်ပါခတ် အနေအထားနဲ့ တွေ့ရှိတာလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာ  ၁၀ ရွာအနက် ကျေးရွာ ၅ ရွာလောက်မှာ ဒေသခံပြည်သူ အကုန်နီးပါး ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ တော်တော်အခက်တွေ့နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေသခံတချို့ကတော့ တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မတ်လ ၃၀ ရက်ကတည်းက ရှောင်တိမ်းနေကြတာဖြစ်ပါတယ်။ DVB

မုံရွာအကျဉ်းထောင်တွင်း ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရုံးကြီးရပ်မှာ ဧပြီ ၃ ရက် ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်းဆန္ဒပြမှုကို  စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အ ကျဉ်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထောင်ဝန်ထမ်းဆီက သိရပါတယ်။

“မုံရွာထောင်အတွင်းဆန္ဒပြလို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ အကျဉ်းသား တယောက်သေဆုံးတယ်။  ငါးယောက် ဒဏ်ရာရတယ်” လို့ မုံရွာအကျဉ်းထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

အခုလို မုံရွာထောင် ဆန္ဒပြမှုမှာ ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းကြားရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပူတယ်လို့  မင်းကင်းမြို့ သပိတ်ခေါင်းဆောင်တယောက်ရဲ့ အမျိုးသမီးက ပြောပါတယ်။

ဒီနေ့ ညနေ ၅ နာရီလောက်က ထောင်တွင်းမှာ “ဒို့ပြည်သူတွေ ညီလားဟေ့” အော်သံတွေနဲ့အတူ သေနတ်သံတွေကြားရပြီး စစ်ကား ၄ စီးရောက်လာတယ်လို့ ထောင်အနီးနေ မြို့ခံတွေက ပြောပါတယ်။

မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားထင်ရှားတဲ့  နိုင်ငံရေး သမားတွေ အကျဉ်းကျနေတာပါ။

မုံရွာအကျဉ်းထောင်တွင်း အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

ရန်ကုန်၊ စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurant တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ တွေ့ဆုံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ ပြီး အရာရှိဟောင်းတချို့နှင့်စစ်သားတချို့ထိခိုက်သေဆုံးနိုင်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurantတွင် စစ် တက္ကသိုလ် အပတ် စဉ် ၂၆ အရာရှိဟောင်း တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းပြုလုပ်နေစဉ် ဗုံးခွဲတိုက် ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ TK House ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှစတင် ၍ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ ကျောင်းဆင်း အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပ​နေစဥ် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်မှတ်တမ်းရုံးမှ ဗိုလ်ချုပ် မန်းညို ဦးဆောင်သော Intake 26 အဖွဲ့က သောက် စားပျော်ပါး​နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“TK HOUSE အရှေ့မှာ ဗုံးခွဲခံရတယ်။ လူနာတင်ကားတွေရော၊ ရဲကားတွေရော စစ်ကားတွေရော ရောက်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရသော TK House ဆိုင်မှာ ဗိုလ်မှူးချုပ်တင့်ဆန်းပိုင်ဖြစ်ပြီး သည် ၎င်းသည် စစ်တပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရှိရသေးဘဲ အသေးစိတ်အခြေအနေများ ဆက် လက်စုံစမ်းလျက်ရှိသည်။khit thit

မတူပီသို့သွားသည့် စစ်ယာဉ်တန်း CDF ခုခံမှုကို အလူးအလဲခံနေရ

ချင်းပြည်နယ်တောင်ပိုင်းတွင် အင်အားဖြည့်တင်းရန် သွားနေသော စစ်ကောင်စီယာဉ်တန်းမှာ ချင်းဒေသပြည်သူ့ကာကွယ်ရေး (CDF) အဖွဲ့များ၏ ခုခံမှုကို အလူးအလဲရင်ဆိုင်နေရပြီး ၁၀ နီးပါးကြာသည်အထိ လိုရာခရီးမရောက်သေးကြောင်း သိရသည်။

မင်းတပ်မြို့မှ မတူပီသို့ သုံးနာရီဝန်းကျင်သာ ခရီးကွာဝေးသော်လည်း မတ် ၂၆ ရက်ကတည်းက စတင်ထွက်ခွာလာသည့် ယာဉ်အစီးရေ ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ CDF အဖွဲ့၏ ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများနေသည်ဟုလည်း မတူမြို့နယ် CDF ပြောခွင့်ရသူ ကိုနွေဦးလင်းဆိုသူက ယနေ့ (ဧပြီ ၃) ပြောသည်။​

မင်းတပ်နှင့် မတူပီမှာ မိုင် ၁၀၀ နီးပါးသာ ကွာဝေးသော်လည်း စစ်ယာဉ်တန်းမှာ မတူပီမြို့သို့ ရောက်ရန် မိုင် ၃၀ ကျော်လိုသေးကြောင်း၊ ဒေသခံ CDF အဖွဲ့များက လမ်းတစ်လျှောက်တွင် မိုင်းထောင်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။​

“မင်းတပ်ဘက်ကလည်း ဆက်တိုက် တိုက်နေတာပဲ၊ ကျွန်တော်တို့ (မတူပီ) လည်း သူတို့(စစ်ကောင်စီ) ထွက်လာပြီဆိုကတည်းက တိုက်နေတာ။ လမ်းကြောင်းအရတော့ ဒီဘက် (မတူပီ) မှာလည်း တိုက်ပွဲက ဆက်ဖြစ်မှာပဲ၊ ဒီလမ်းကပဲ သွားရတာဆိုတော့” ဟု ကိုနွေဦးလင်းက ပြောသည်။

ထိုယာဉ်တန်းကို လုံခြုံရေးပေးရန် မတ် ၃၀ ရက်တွင် ထွက်လာသည့် မတူပီအခြေစိုက် အမှတ် ၃၀၄ ခြေလျင်တပ်ရင်းမှ အင်အား ၈၀ မှ ၁၀၀ ကျော်ခန့်ရှိ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု ၎င်းက ဆိုသည်။​

မတ် ၃၁ မှ ယမန်နေ့ ဧပြီ ၂ အထိ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်း သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရကာ CDF-မတူပီအဖွဲ့မှ အသက် ၁၈ နှစ်နှင့် ၂၀ အရွယ်ရှိသည့် ရဲဘော်နှစ်ဦး သေဆုံးသည်ဟု သိရသည်။

အထက်ပါ ထိခိုက်သေဆုံးအရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ယာဉ်များ ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရှိရသေးပေ။ 

ထို့အတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

တိုက်ပွဲများအတွင်း မတူပီမြို့မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာ မတ် ၃၁ ရက် တစ်ရက်တည်းတွင် လက်နက်ကြီးအချက်ရေ ၅၀ ကျော်ရှိသည်ဟု ကိုနွေဦးလင်းက ဆိုသည်။

“တောင်ပေါ်စစ်ဆင်ရေးတွေမှာ သူတို့ (စစ်ကောင်စီ) သုံးတဲ့ ဗျူဟာတိုင်းပဲပေါ့။ လက်နက်ကြီးပစ်ကူကတော့ အဆမတန်များပြားတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ (ဧပြီ ၃) ရက်တွင်လည်း ထိုဒေသတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း အသေးစိတ်အခြေအနေများကို မသိရသေးဟု ကိုနွေဦးလင်းက ပြောသည်။

မတူပီမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်ရင်း သုံးခုအထိ အခြေစိုက်ထားပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တောင် ပိုင်းသို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်သည်အင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်မှု သုံးကြိမ်ရှိပြီဖြစ်သည်။​

ထိုသို့ အင်အားဖြည့်တင်းသည့် စစ်ကောင်စီယာဉ်တန်းများကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်လေ့ရှိရာ လိုရာခရီးရောက်ရှိရန် ပုံမှန်ခရီးထက် ကြန့်ကြာလေ့ရှိသည်။​myanmar now

သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်မည်ဟု မန္တလေးတိုင်း PDF ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန်မှုတွေ မအောင်မြငေစေဖို့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးတိုင်း က ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ သင်္ကြန်ကာလအတွင်းမဏ္ဍပ်တွေကို သွားရောက် လည်ပတ်တာ၊ KTV နဲ့ Private Club တွေမှာ စုစည်းပြီး ပျော် ပွဲရွှင်ပွဲများ ပြုလုပ်တာ၊ လူစည်ကားရာ နေရာတွေကို သွားရောက်ရေဆော့ကစားတာတွေ မလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး တိုင်းက မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် မန္တလေးမြို့ပေါ်က မြို့ပြ ပျောက်ကျားမဟာမိတ်တပ်ပေါင်းစုကလည်း ဧပြီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မနက် ၅ နာရီကနေ ၈ နာရီအချိန်အတွင်း ကျုံးပတ်လည်လမ်းတွေကို ဖြတ်သန်းသွားလာမလုပ်ဖို့ အသိပေးထားပါတယ်။DVB

« Older Entries