Monthly Archives: Apr 2022

ဂန့်ဂေါမြို့နယ်၌ မိန်းကလေးငယ် ၁ ဦးနှင့် အ မျိုးသား ၁ ဦးတို့ကို စစ်တပ်က လက်ပြန် ကြိုးတုပ် ပစ်သတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာမှာ  ဧပြီ ၄ ရက်က အသက် ၁၄ နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးငယ်တယောက်နဲ့  အမျိုး သားတယောက်တို့ကို  စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားတယ်လို့  ဒေသခံရွာသားတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ သတ်ဖြတ်သွားတာခံရတဲ့သူတွေဟာ  ပါးစပ်ကို အဝတ်ဆို့ခံထားရကာ လက်ပြန်ကြိုးတုပ်အနေအထားနဲ့ သေဆုံးနေတာတွေ့ရပြီး အမျိုးသမီးငယ်ကိုလည်း အဓမ္မပြုကျင့်သွားတဲ့ ပုံစံမျိုးတွေ့ရပေမဲ့  အတိအကျတော့ မသိရသေးဘူး ရွာသားတစ်ယောက်က ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်မွှေနေပြီး PDF-ဂန့်ဂေါနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ ဒေသခံပြည် သူတွေ ဘေးလွတ်ရာနေရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆေးမင်းတောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မောက်လယ်ရွာနားကို ရောက်လာလို့ ဒီကနေ မနက် ၁၀ နာရီခွဲလောက်မှာလည်း PDF-ဂန့်ဂေါနဲ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ PDF-ဂန့်ဂေါက ထုတ်ပြန်ထားပါတယ်။DVB

ဗိုလ်သံမဏိနှင့် အပေါင်းအပါများကို အမြန်ဆုံးအရေးယူရန် တောင်းဆို

လူပေါင်း ၂၀ ကျော် အသတ်ခံရမှုအတွက် တာဝန်အရှိဆုံးဖြစ်သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်သံမဏိနှင့် အပေါင်းအပါအများကို အမြန်ဆုံးအရေးယူပေးရန် နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်က တောင်းဆိုလိုက်သည်။​

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ဘက်ဒေသတွင် ပြီးခဲ့သည့်နှစ်မှ ယခုနှစ် မတ်လအထိ ဒေသခံအရပ်သားများနှင့် PDF အဖွဲ့ဝင်များ သတ်ဖြတ်ခံရခြင်းအပေါ် ဗိုလ်သံမဏိအဖွဲ့ကို အရေးယူရန် တောင်းဆိုခြင်းဖြစ်သည်။​

ဒေသခံပြည်သူနှင့် အခြား PDF များအပေါ် ဗိုလ်သံမဏိအဖွဲ့က ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်ကြောင်း အတည်ပြုနိုင်သည့် အချက်အလက်များကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထံ ပေးပို့ပြီးဖြစ်သည်ဟု ဘာသာပေါင်းစုံကွန်ရက်၏ ဧပြီ ၃ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

သို့သော် NUG က အသတ်ခံရသူ ၁၀ ဦးအတွက်သာ စုံစမ်းစစ်ဆေးနေပြီး ကျန်နစ်နာသူ ၁၁ ဦးအတွက်ပါ တရားမျှတမှု ရှာဖွေပေးရန် လိုအပ်နေသည်ဟု ကွန်ရက်ဦးဆောင်ဆရာတော် ဦးဝါယမက မိန့်သည်။

ထို့ပြင် မတ်လအတွင်း စတင်ကြားနာသည်ဟု NUG က ဆိုသော်လည်း ယနေ့ (ဧပြီ ၅) အထိ အရေးယူမှုမရှိခြင်းမှာ မဖြစ်ထိုက်ဟု ဦးဝါယမက မှတ်ချက်ပြုသည်။

“ကျန်ခဲ့တဲ့ မိသားစုတွေက ထွက်ပြေးနေရတယ်။ ခြိမ်းခြောက်ခံနေရတယ်ပေါ့။ အဲဒီလိုပြဿနာမျိုးတွေ ဖြစ်တယ်။ တရားမျှတမှုကို ဖော်ဆောင်လိုက်ရင် ပြည်တွင်းက အဖွဲ့အစည်းတွေမှာ ဒီလိုပြဿနာ ထပ်မတက်လာနိုင်ဘူး။ NUG အနေနဲ့လည်း ဒီပြဿနာတွေကို သွေးအေးနေလို့ မရဘူး။​ မြန်မြန်ဆန်ဆန်ဖြေရှင်းရမယ်”

အသက် ၄၄ နှစ်အရွယ် ဗိုလ်သံမဏိအမည်ခံ ယင်းမာပင်မြို့နယ်မှ သပြေအေးဆရာတော် ဦးသောပါက ဦးဆောင်သော အင်အားရာဂဏန်းရှိ ယင်းမာပင် PDF အဖွဲ့ကျူးလွန်သည်ဟု သတင်းရင်းမြစ်အချို့က Myanmar Now ကို အတည်ပြုထားသည်။

ထိုကျူးလွန်မှုများတွင် တာဝန်အရှိဆုံး ဗိုလ်သံမဏိနှင့် အပေါင်းအပါများကို အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံစေခြင်းဖြင့် နောင်တွင် အလား တူ ဖြစ်ရပ်ဆိုးများ မပေါ်ပေါက်စေရန် NUG က လက်တွေ့အရေးယူသင့်သည်ဟု ဘာသာပေါင်းစုံကွန်ရက်ကလည်း ကြေညာချက်တွင် ထည့် သွင်းတိုက်တွန်းထားသည်။

“မတရားတာကို တော်လှန်တာ ချစ်ခင်တယ်။ သို့သော် မတရားတာကို တော်လှန်တယ်ဆိုပြီး ကိုယ့်အချင်းချင်း မတရားတာ ပြန်လုပ်တာကိုတော့ လုံးဝမနှစ်မြို့ဘူး” ဟု ဦးဝါယမက မိန့်သည်။

ထို့ပြင် ရဟန်းဝတ်ဖြင့် PDF ခေါင်းဆောင်ဖြစ်သူ ဗိုလ်သံမဏိအမည်ခံ ဦးသောပါကကို ဘာသာပေါင်းစုံကွန်ရက်မှ အပြီးတိုင်ထုတ်ပယ်လိုက်ပြီဟုလည်း ထိုကွန်ရက်က ကြေညာထားသည်။​

“သူ (ဗိုလ်သံမဏိ) ရှေ့က ကောင်းတာတွေ အများကြီးလုပ်ခဲ့တာရှိတယ်။ သို့သော်လည်းပဲ ဒီအချိန်မှာ ဒီဖြစ်ရပ်တွေကို သူ့လက်အောက်ကအဖွဲ့အစည်းတွေ လုပ်တယ်လို့ ထွက်ဆိုထားပေမဲ့လည်း တကယ်တမ်းကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းရမဲ့ကိစ္စတွေဖြစ်တယ်” ဟု ဦးဝါ ယမက မိန့်သည်။

ယင်းမာပင် PDF သတ်ဖြတ်လိုက်သူ ၂၁ ဦး၏ မိသားစုဝင်များ မည်သို့ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ကို ဦးဝါယမက အသေးစိတ်ထုတ်မပြောသော်လည်း ၎င်းတို့၏ လူမှုဘဝနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများပေးနိုင်ရန် ကွန်ရက်က တာဝန်ယူစီစဉ်နေသည်ဟု သိရသည်။

ယင်းမာပင်မြို့နယ်၊ လာဘို့ရွာမှ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့် အပြီးသတ်စုံစမ်းစစ်ဆေးမှုများ ပြီးစီးပြီဟု NUG တရားရေးဝန်ကြီး ဦးသိန်းဦးက မတ် ၂၈ ရက်တွင် Myanmar Now ကို ပြောထားသည်။

လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီကို ရက်ပိုင်းအတွင်း တင်ပြ၍ ဗိုလ်သံမဏိအဖွဲ့ကို အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုထားသည်။

သို့သော် သီးတင်းတစ်ပတ်ကျော်ကြာသည်အထိ ဗိုလ်သံမဏိအဖွဲ့အပေါ် အရေးယူရန်ကိစ္စ ရှင်းလင်းစွာ မသိရသေးပေ။

ယင်းနှင့်စပ်လျဉ်း၍ ဦးသိန်းဦးနှင့် NUG ကာကွယ်ရေးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ထံ ဆက်သွယ်မေးမြန်းနေသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။

မတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည့် တရားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်မူ အပြစ်မဲ့အရပ်သားများကို အသက်အန္တရာယ်ပြု၊ သတ် ဖြတ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟု ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ဖြစ်ပြီးတော့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင် ကလည်း မတ် ၂၁ ရက်တွင် Myanmar Now ကို ပြောထားသည်။

“ဒါကြောင့်မို့ ပြည်သူတွေကို ထိခိုက်စေတဲ့ကိစ္စမျိုးတွေ၊ တော်လှန်ရေးရဲဘော်ရဲဘက်ချင်း ထိခိုက်အောင်ဖြစ်မဲ့ကိစ္စမျိုးတွေကိုတော့ လုံးဝ လက်ခံမှာမဟုတ်” ဟု ဦးနိုင်ထူးအောင်က ဆိုထားသည်။

၁၀ ဦးသတ်ဖြတ်ခံရသည့် အမှုအတွက် ကနဦးကြားနာစစ်ဆေးခဲ့ရာ မှားယွင်းစီရင်ခြင်းခံထားရသည်ကို တွေ့ရှိရသည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

NUG က စစ်ဆေးပြီးပြီဟု ဆိုထားသည့် အမှုမှာ ယင်းမာပင်မြို့အနောက်ဘက် ၈ မိုင်ကျော်အကွာရှိ လာဘို့ရွာမှ Hero Tiger Force အမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) မှ ၆ ဦး၊ အရပ်သား ၂ ဦး၊ မီးသတ်သမား ၂ ဦးတို့ ၂၀၂၁ နိုဝင်ဘာတွင် သတ်ဖြတ်ခံရသည့် ကိစ္စဖြစ်သည်။

စစ်ဆေးခံရခြင်းမရှိသေးသည့် ဗိုလ်သံမဏိ၏ အမှုများတွင် ယင်းမာပင်မြို့အနောက်ဘက် ၆ မိုင်ဝန်းကျင်အကွာ ဇီးတောရွာတွင် ၂၀၂၁ အောက် တိုဘာလအတွင်းက ချေးငွေထုတ်ပြန်လာသည့် ဒေသခံအမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပါဝင်သည်။

NUG က ပြုလုပ်ပြီးဖြစ်သည့် ကြားနာမှုများတွင် ပူးပေါင်းပါဝင်ခဲ့ပြီး သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်း မရှိဟု ငြင်းဆိုထားသည့် ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ(ခ) ဦးသောပါကကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

မတ် ၂၁ ရက်တွင် တယ်လီဖုန်းဖြင့် အဆက်အသွယ်ရခဲ့စဉ်ကမူ ထိုမတိုင်မီကမှ လူဝတ်လဲထားသည့် ဦးထွန်းဦး (ခ) ဗိုလ်သံမဏိက ၎င်းကို လူ သတ်မှုဖြင့် စွပ်စွဲမှုများသည် လူထုထောက်ခံမှုကျအောင် လုပ်ခြင်းသာဖြစ်သည်ဟု Myanmar Now ကို မှတ်ချက်ပြုထားသည်။

“အဲဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်သွားတယ်ဆိုတာ ဟုတ်တယ်။ ဖြစ်ပျက်သွားတာတော့ ဟုတ်တယ်။ သတ်တဲ့ကိစ္စကို ဗိုလ်သံမဏိက ဟေ့ သတ်လိုက်။ သတ်တဲ့ကိစ္စကို ငါတာဝန်ယူတယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဗိုလ်သံမဏိက ပြောသည်။ myanmar now

ထီးလင်းမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်၊ ရွာ သားများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ယောဒေသကာကွယ်ရေးYDFတပ်ဖွဲ့က ဧပြီ ၅ ရက် ဒီကနေ့  ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထံက  သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြပြီး တိုက်ပွဲဟာ ပြင်းထန်နေဆဲဖြစ်လို့ တိုက်ပွဲရ လဒ်နဲ့  နှစ်ဖက်အထိအခိုက်အကျအဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူးလို့ YDF တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲကြောင့် လက်ရှိမှာတော့ အနီးအနားကကျေးရွာတွေက ရွာသူရွာသားတွေ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ထီးလင်းနယ်အတွင်း စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်၊  မွေးမြူထားတဲ့ တိရစ္ဆာန်တချို့ကိုလည်း သတ်စားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းကြောင်းကို အသုံးမပြုကြဖို့နဲ့  ခရီးသွားလာလို့ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ ယောဒေသ ကာကွယ်ရေးတက်ဖွဲ့YDFက သ တိပေး ထုတ်ပြန်ထားပါတယ်။DVB

လောင်းလုံးမြို့နယ်တွင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က အမျိုးသား လေးဦးကို နေအိမ်များတွင် စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူ လေးဦးမှာ ပန်ဒလဲကျေးရွာနှင့် လောင်းလုံးရွာတို့တွင် နေထိုင်သူများ ဖြစ်ကာ ဧပြီလ ၄ ရက်နေ့ ည ၈ နာရီနှင့် ၁၀ နာရီတွင် ဖမ်း ဆီးခံ ခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ကိုအောင်သူဟိန်းက ရေချိုးမလို့ ပြင်နေတုန်းမှာ အဝတ်ဗလာနဲ့ စစ်တပ်က လာဖမ်းသွား ခဲ့တယ်၊ တစ်ခါထဲ ကားပေါ် ခေါ်တင် သွားတာ၊ ဘာအမှုနဲ့ ဖမ်းလဲ ဆိုတာကို မပြောခဲ့ဘူး” ဟု ၎င်းကပြောသည်။

ယင်းည ၁၀ နာရီခွဲခန့်တွင် ကိုဝေယံကျော်၊ ကိုမင်းအောင်နှင့် ကိုအောင်အောင် တို့ကို လောင်းလုံးရွာရှိ နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့က အိမ်စီးကား နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသည့် အမျိုးသား လေးဦးကို လောင်းလုံး မြို့မ ရဲစခန်းတွင် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။mizzima

မြဝတီမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၄၀ ကျော်သေ၊ သထုံခရိုင်၌ BGF အပါအဝင် ၈ ဦးသေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာလည်း  ဧပြီ ၅ ရက် ဒီကနေ့   စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား  တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အယောက် ၄၀ လောက်သေဆုံးကာ   ၂၀ လောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ KNLA တပ်ဖွဲ့က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ရှိ ဝေါလေမြိုင်ဒေသကို ကျူးကျော် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  မောခီးစခန်းသွားရာလမ် (ဝပ်ဆုပူ) နေရာမှာ KNLA တပ်တွေက စောင့်ပြီး ပစ်ခတ်ခဲ့ရာမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ချိန် ဝေါလေမြိုင်စခန်းအခြေစိုက်  စစ်ကောင်စီတပ် ဗျူးကုန်းကနေ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။

အလားတူ သထုံခရိုင်ကနေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီအခြေချစခန်းမှာ တပ်ပြောင်းဖို့ လမ်းကင်းသွားယူနေတဲ့ စစ်ကောင်စီတပ်သားနဲ့ BGF နယ်ခြားစောင့်တပ်တွေ ဧပြီ ၄ ရက်က ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခံရပြီး ၈ ယောက်လောက် သေဆုံးသွားပါတယ်။

သေဆုံးသွားသူတွေကတော့  BGF တပ်နယ် ၃ က ကဆောဝါး၊  တပ်ရင်းမှူး စောမြင့်သိန်းအတူ တပ်သား ၄ ဦး စစ်ကောင်စီတပ်သား ၃ ဦးတို့ဖြစ်ကြပြီး   BGFတပ်ဖွဲ့ဝင်တွေကိုတော့ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့ရှိ BGF စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်ပါတယ်။ DVB

ကျောက်မဲတွင် အပြစ်မဲ့ပြည်သူ ဦးစိုင်းပီးကို စစ်တပ်က အကြောင်းမဲ့ ရိုက်သတ်ပြီး ငွေ ကြေး ၇သိန်းခွဲနီးပါးကို လုယူ

ရှမ်းပြည်နယ် ကျောက်မဲမြို့ စည်ပင်ရုံးတွင် မတ်လ ၂၉ ရက်နေ့ ညနေ ၅နာရီခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဆိုင်ကယ်စီးနင်းလာသည့် ဦးစိုင်းပီးနှင့် ကိုစိုင်းအောင်ကျော်ဦးတို့ကို ဖမ်းဆီးကာ ဦးစိုင်းပီးကို သတ်ဖြတ်လိုက်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန် သည်။

မတ်လ ၂၉ ရက်နေ့ ညပိုင်း ကျောက်စည်ပင်ရုံး ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးပြီးနောက် ဦးစိုင်းပီကို ရိုက်နှက်စစ်ဆေးရာမှ ဦးစိုင်းပီး သေ ဆုံးခဲ့ပြီး ပါလာသည့် ငွေကြေး ၇သိန်း ၄သောင်း ၅ထောင်ကို စစ်တပ်က ခိုးယူ လုယက် သွားကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ထံမှ သိရသည်။

အသက် ၄၃နှစ်အရွယ် ဦးစိုင်းပီးနှင့် ၎င်း၏ တူဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုစိုင်းအောင်ကျော်တို့သည် ကျောက်မဲမြို့ ၆ ရပ်ကွက်တွင် ဖုန်းဝယ်ပြီးနောက် ၉ ရပ်ကွက်တွင် စားစရာများ ဝယ်ယူကာ နောင်ပိန်ကျေးရွာသို့ ပြန်လာစဉ် ၆ ရပ်ကွက် မီးပွိုင့်တွင် စစ်သား ၂ဝ ကျော်ခန့်က တားဆီးပြီး စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ တားဆီး စစ်ဆေးရာတွင် ဆိုင်ကယ်ရပ်တန့်ပေးချိန် ဆိုင်ကယ်ကို စစ် သားများက တွန်းချပြီး ဦးစိုင်းပီးကို အကြောင်းမဲ့ ဝိုင်းဝန်း ရိုက်နှက်ကြောင်း၊ ဦးခေါင်းနှင့် ရင်ဘတ်များအား သတိလစ်သည်အထိ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကာ ခြေဖြင့်လည်း ဝိုင်းကန်ခဲ့ပြီးနောက် ဦးစိုင်းပီးနှင့် ကိုစိုင်းအောင်ကျော်ဦးကို စစ်ကားပေါ်တင်ခေါ်လာကြောင်း၊ ယင်းနောက် ကိုစိုင်းအောင်ကျော်ဦးကို ကျောက်မဲရဲစခန်းသို့ ပို့ဆောင်ပြီး ဦးစိုင်းပီးကို ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကိုစိုင်းအောင်ကျော်ဦးကို ရဲစခန်းသို့ စစ်တပ်က ပို့ဆောင်ပြီးနောက် ၁ နာရီခန့်အကြားတွင် ဦးစိုင်းပီး ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။

ယင်းနောက် ဖမ်းဆီးထားသော ကိုစိုင်းအောင်ကျော်ဦးကို ပြန်လွှတ်ပေးပြီး သိမ်းဆည်းထားသော ဆိုင်ကယ်ကို ပြန်လည် ပေးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့၏ ငွေ ၇သိန်း ၄သောင်း ၅ထောင်ကို ပြန်ပေးခြင်းမရှိကြောင်း၊ မတ်လ ၃ဝ ရက်နေ့တွင် ရဲစခန်းသို့ ထပ်မံ သွား ရောက်ကာ ငွေ ၇သိန်း ၄သောင်း ၅ထောင် ပျောက်ဆုံးနေကြောင်းကို ပြောဆိုခဲ့သော်လည်း စစ်သားများ လာရောက်ပို့ဆောင်စဉ်က ဆိုင်ကယ် ၁ စီးတည်းသာ ပါဝင်ကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုသည်ဟု သိရသည်။

ဦးစိုင်းပီး၏ ရုပ်အလောင်းကို မတ်လ ၃ဝ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ပုံးဝိုးရွာမှ ဆွေမျိုးများက ဆေးရုံသို့ သွားရောက်ကာ အလောင်းထုတ် ယူခဲ့ပြီး ရင်ခွဲ စစ်ဆေးခ ၅သောင်းကျပ် ပေးဆောင်ခဲ့ရကာ မွန်းလွဲ ၂နာရီခန့်တွင် ကျောက်မဲ သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။khit thit

ကျိုက်ထိုမြို့နယ်ရှိ KNLA နှင့် PDF နေရာများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကင်း ထောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ KNLA နဲ့ PDF ခိုအောင်းရာနေရာတွေကို   စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်နဲ့ ကင်း ထောက်တာတွေ  အဆက်မပြတ် လုပ်ဆောင်လာ တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ရဲ့  ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့အတွက် ဧပြီ ၂ ရက်ကစပြီး လေယာဉ်နဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဧပြီ ၄ ရက်နဲ့ ၅ ရက်တွေမှာတော့ စစ်ကောင်စီကင်းထောက်ရဟတ်ယာဉ်ဟာ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း လာရောက်ကင်း ထောက်နေသလို အဲလို ကင်းထောက်ရာမှာ လည်း ခပ်နိမ့်နိမ့်ပျံဝဲပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က  အဆက်မပြတ် ကင်းထောက်နေတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ကျိုက်ထိုတော် လှန်ရေးအင်အားစု(KRF) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ မတ် ၃၁ ရက်က မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူး ပေါင်းတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။DVB

ပုသိမ်ကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၀င် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သားအဖ ပစ်ခတ်ခံရ၍ ဖခင်ဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့်သားဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဖခင်ဖြစ်သူပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“ပစ်တာက ဖအေကိုပစ်တာ၊ နှစ်ချက်သုံးချက်ပစ်တာမှာ ဖအေက အိမ်ဘေးလမ်းကြားထဲ၀င်ပြေးတော့ ၀ရုန်းသုန်းကားတွေဖြစ်ကုန်ပြီး၊ သားကိုပါမှန်သွားတယ်ထင်တယ်၊ ဖအေကတော့ ပွဲချင်းပြီးသေတယ်၊ သားက အခုနန်းတွင်းဆေးရုံသယ်သွားတယ်လို့သိရတယ်” ဟု ပုသိမ်ကြီးမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် ကောင်းမွန်ရွာနေ အသက် ၅၀အရွယ် ဦးကျော်ခိုင်ဆိုသူသည် ယနေ့နံနက် ၁၁ နာရီခန့်က နေအိမ်ခြံ၀င်းအတွင်း ရေချိုးနေစဉ် ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦး ရောက်လာပြီး ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ပစ်ခတ်ခံရသည့် ဦးကျော်ခိုင်ဆိုသူသည် ထွက်ပြေးသော်လည်း နှစ်ချက်တိတိကျည်ဆံထိ မှန်ခဲ့ကြောင်း၊ အခင်းဖြစ်စဉ်တွင် ၎င်း၏သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုကျော်မိုးခိုင်ဆိုသူ လည်း စိုးရိမ်ရသည့် သေနတ်ကျည်ဆန်ဒဏ်ရာတစ်ချက် ရခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

ပစ်ခတ်ခံရသူ ဦးကျော်ခိုင်သည် ကြံ့ခိုင်ရေးအမာခံတစ်ဦးဖြစ်ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။ mizzima

ကေအန်ယူနယ်မြေ၌ မတ်လအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀၀ ကျော်သေ၊ ၂၆၀ ခန့် ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေမှာ မတ်လအတွင်း  KNLA ၊ KNDO နဲ့ စစ်ကောင်စီတပ်၊ BGFတို့ တိုက်ပွဲပေါင်း  ၅၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၄၂၉ ဦးသေဆုံးပြီး ၂၆၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့  မတ် ၅ ရက် ဒီနေ့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ကား  ၃၅  စီးကို ဖျက်ဆီးနိုင်ခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ကရင်အ မျိုးသားကာကွယ်ရေးတပ် (KNDO) ဘက်တပ်ဖွဲ့ဝင်  ၂၂ ဦး အသက်စွန့်ခဲ့ရပြီး  ၃၅  ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဘက်က အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၂၅ ဦးသေဆုံးပြီး၊ ၃၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၃ နယ်မြေ၊  ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အ တွင်းကို စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ ၈ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်နဲ့ အဆောက်အဦပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေရဲ့  ကျပ်ငွေ ၃၇ သိန်းကို အတင်းအဓမ္မ လုယက် ခိုးယူခဲ့တာ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို အရပ်သား ပြည်သူပိုင်ပစ္စည်းဆုံးရှုံးမှုဟာ ကာလတန်ဖိုး မြန်မာငွေ ကျပ် သိန်း ၁၀၀၀ နီးပါး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ဆိုပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်တွေက ကျူးကျော်ဝင်ရောက် အင်အားသုံးထိုးစစ်ဆင်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်နက်ကြီး ၊ လက်နက်ငယ်တွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ပြည်သူ  ၁ သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။DVB

ခင်ဦးမြို့နယ်တွင် ၁၂ ရက်အတွင်း အင်အား ၁၀၀ နီးပါး ပါ စစ်တပ်စစ်ကြောင်းက ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးသဖြင့် လူနေ အိမ် ၂၈၀ လုံးပြာကျ၊ PDF နှင့်ပြည်သူ ၉ ဦးအသတ်ခံရပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အင်အား ၁၀၀ နီးပါး ပါ စစ်ကောင်စီစစ်ကြောင်းသည် ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်တွင် စစ်သား ၉၁ ဦးနှင့် ပျူစောထီး ၈ဦးစုစုပေါင်း အင်အား စုစုပေါင်း ၉၉ဦး သည် ယနေ့အထိ စစ်ကြောင်းနှစ်ကြောင်းခွဲ ပြီး ယာတော်၊ ဥယာဥ်၊ ပျဥ်ထောင်၊ ကင်းပြစ်၊ သရက်ကုန်း ဗအိုး ဂလုံ ရှားတော ပေါက်တော မဒေါင်းလှ ပင်တင်း အိုင်ပေါက်ကြီး အလယ်ရှို တမုတ် ကုလားလူး ရှားလွင် ရွာစဥ် ထနောင်းကိုင်းလေး ညောင်ကန် ထနောင်းကိုင်းကြီး မင်းဝံစိုက်ကွင်း ရွှေလူးအိုင် ငါးတင်းကြီး အုန်းပင်ကုန်း ဆိုင်ဂေါင်း စသည့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဝင်ရောက် မွှေ နှောက် မီးရှို့ဖျက်ဆီးကြကြောင်း သိရှိရသည်။

ဒေသ ကာကွယ်ရေးတပ်များကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းကြောတစ်လျောက် ကုလားလူးကျေးရွာအဝင် မတ်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ ဧပြီလ ၁ ရက်နေ့ ထနောင်းကိုင်းကြီးကျေးရွာအဝင်တွင် မိုင်းဆွဲခြင်း၊ ဧပြီလ ၄ ရက်နေ့ အုန်းပင်ကုန်းနှင့်ဆိုင်ဂေါင်းကြားနားနေစဥ် မိုင်းဆွဲခြင်းများဖြင့် ပြန် လည် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ခင်ဦးမြို့နယ်အတွင်းမှ အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပြန်လည် ထွက်ခွာရာတွင် စုစုပေါင်း ၈၂ ဦးသာကျန်ရှိပြီး ၁၇ ဦး မိုင်းထိပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ၊ မတ်လ ၃၁ ရက်နေ့တွင် ဒေသကာကွယ်ရေးလူငယ် ၃ ဦးနှင့်ပြည်သူ ၁ ဦး၊ ဧပြီလ ၃ ရက်နေ့တွင် လူငယ် ၃ ဦး စုစုပေါင်း ၉ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်က မီးရှို့ဖျက်ဆီးရာတွင် မတ်လ ၃၁ ရက်နေ့ ကုလားလူးကျေးရွာတွင် ၅၂အိမ်(ဒုတိယအကြိမ်)ရှားလွင်ကျေးရွာတွင် ၆အိမ်(ဒုတိယအ ကြိမ်)၊ ဧပြီလ၂ ရက်နေ့ မင်းဝံစိုက်ကွင်းကျေးရွာတွင် ၄ အိမ်၊ ဧပြီလ၃ ရက်နေ့တွင် ငါးတင်းကြီးကျေးရွာတွင်လူနေအိမ် ၂၀၉ (တိုက်အိမ် ၁၇၆ လုံး)၊ ယနေ့နံနက်အချိန်တွင် အုန်းပင် ကုန်းကျေးရွာ ၆အိမ် နှင့် ဆိုင်ဂေါင်းကျေးရွာ၃အိမ် တို့အကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ် တပ် က ၁၃ ရက်အတွင်း ပြည်သူပိုင်နေအိမ်စုစုပေါင်း ၂၈၀မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်တွင် မတ်လ ၁ ရက်နေ့မှစတင်ပြီးယနေ့ထိ စုစုပေါင်း ၆၄၆ အိမ် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၃၅၀၀ ဝန်းကျင်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ​ကြောင်း၊ ကျေးရွာများမှ အပြစ်မဲ့ပြည်သူပေါင်း ၃၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။khit thit

« Older Entries