Monthly Archives: Apr 2022

တွံတေးတံတားအဆင်းတွင် ကား ၆ စီး ဆင့်တိုက်ပြီး လမ်းပိတ်နေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေးတံတားအဆင်းမှာ  ဧပြီ ၉ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ကား ၆ စီး ဆင့်တိုက်ခဲ့ပြီး လမ်းပိတ်ဆို့နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

သင်္ကြန်ပိတ်ရက်အတွင်း ရန်ကုန်ကနေ ဧရာဝတီတိုင်းကို နေရပ်ပြန်ကြတဲ့ ခရီးသွားပြည်သူတွေဟာ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးမှာ ယာဉ် ကြောပိတ်ဆို့နေတာကြောင့် တွံတေးဘက်ကနေပတ်ပြီး မအူပင်မြို့ကို သွားရောက်နေချိန်မှာ အခုလို ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ဖို့အတွက် မေးမြန်းနေဆဲဖြစ်ပါတယ်။DVB

ရှမ်း၊ မကွေးနှင့် ရန်ကုန်တို့တွင် စစ်ကားများ၊ ယာဉ်တန်းများနှင့် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရကာ ဗိုလ်မှူး ၁ဦးအပါအဝင် စစ်သား ၁ဝဦးသေဆုံး

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ လွှစင်ရွာနှင့် တောင်ပို့ကွဲရွာ ကြားတွင် ဧပြီလ ၉ရက်နေ့ ညနေ ၄နာရီခန့်တွင် အ ကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားကာ ဗိုလ်မှူး ၁ဦး အပါ အဝင် စစ်သား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များသည် ပျူစောထီး အဖွဲ့များကို တိုက်ခိုက်ရန် အသင့် စောင့်ဆိုင်း နေစဉ် တောင်ကြီး-ရွာငံ-မန္တလေးသို့ ပြေးဆွဲနေသော ကားဖြင့် စစ်သားများ ရောက်ရှိလာကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွာငံမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (YUG)၊ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TPDF)နှင့် ရှမ်းအမျိုးသား ကာ ကွယ်ရေး တပ်ဖွဲ့ (SNDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း ပခုက္ကူ-မြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို အင်ပင်ကျေးရွာနှင့် ယောင်းမစွန် ဆီဆိုင်အနီးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းကို Earthquake People ‘s Defence Force-UG /Young Force-UG နှင့် သံမဏိသိန်းဌက်(မြိုင်) တပ်ဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန် အင်းစိန်မြို့နယ် အမှတ် ၄လမ်းမကြီးပေါ်ရှိ ဒညင်းကုန်း ရထားသံလမ်းအနီးတွင် စစ်ကား ၁စီးကို ဧပြီလ ၉ရက်နေ့ နံနက် ၉နာရီ ၁၅ မိနစ်ခန့်တွင်From Zero To Hero မြို့ပြပျောက်ကြားတပ်ဖွဲ့က မိုင်း ၃လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း မိုင်း၁လုံးသာပေါက်ကွဲပြီး စစ်သား ၁ဦး လဲကျသွားသည်ကိုသာတွေ့မြင်ခဲ့ရ​ကြောင်း၊ သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင် သေးကြောင်း အဆိုပါ ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။khit thit

မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကျင်းပရန် စစ်ကောင်စီက ငွေကြေးကောက်ခံနေ

မွန်ပြည်နယ်မှာ  စစ်ကောင်စီက ငွေကြေးကောက်ခံပြီး  မြို့နယ်အလိုက်  သင်္ကြန်ပွဲတော် ကျင်းပဖို့ ကြိုးစားနေတဲ့အပေါ် နိုင်ငံရေးတက်ကြွလှုပ် ရှားတဲ့ မွန်လူငယ်တွေက ဝေဖန်လိုက်ပါတယ်။

သင်္ကြန်ပွဲကျင်းပဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေရရှိဖို့ မြို့နယ်ရပ်ကွက်အလိုက် ငွေကြေးကောက်ခံတာရှိနေတာကြောင့် စားဝတ်နေရေး ကျပ် တည်းတဲ့ အခြေခံလူတန်းစားတွေ အနေနဲ့ အခက်အခဲ ပိုမိုဖြစ်ပေါ်နေရတယ်လို့ ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တွေကို သင်္ကြန်ပွဲ ကျင်းပဖို့ဆိုပြီး ငွေကြေး လိုက်ကောက်ခံတာတွေရှိတယ်။ အဲလိုကောက်ခံမှုတွေက စားဝတ်နေရေး ခက်နေတဲ့ တနေ့လုပ်တနေ့စားအခြေခံ လူတန်းစားအတွက်တော့ တော်တော်လေးကို အခက်အခဲ ဖြစ်စေတယ်။”

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတွေ အာရုံလွဲစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်တယ်လို့မော်လမြိုင်ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

“အခုအခြေအနေက စစ်တပ်က အာဏာသိမ်းယူခံတာ တစ်နှစ်ကျော်ကို ရောက်ရှိနေပြီ။ စစ်ကောင်စီက ပြည်သူတွေကိုအာရုံလွဲစေဖို့ရည် ရွယ် တဲ့သဘောနဲ့ အခုလို လုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။”

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်အတွင်းမှာ မြို့နယ်အလိုက် ယိမ်းအဖွဲ့တွေ သက်ကြီးပူဇော်ပွဲ၊ ဇီဝတဒါန ငါးလွှတ်ပွဲ အပါအဝင် စတုဒီသာ ကျေးမွေးအအစီအစဥ်တွေကို ထည့်သွင်းကျင်းပဖို့ သက်ဆိုင်ရာဌာနအသီးသီးကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

မော်လမြိုင်မြို့ ကမ်းနားလမ်း မြို့မတံတားမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကစပြီး ဗဟိုမဏ္ဍပ် တည်ဆောက်နေရာမှာ ရာနှုန်းပြည့်ပြီးစီးလုနီးပါး ဖြ​စ်နေပြီး လုံခြုံရေးအရ စီစီတီဗီတွေ တပ်ဆင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။DVB

ပခုက္ကူမြို့တွင် စစ်တပ်က အမျိုးသား ၂ ဦး စီးနင်းလာသော ဆိုင်ကယ် များကို ပစ်ခတ်ဖမ်းဆီးသဖြင့် ၄ဦးဖမ်းဆီးခံရ၊ ကိုင်းစံပြရွာ ကိုလည်း စစ်တပ်က ဝင် စီးးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်

အကြမ်းဖက် စစ်တပ်က အမျိုးသား ၂ ဦး စီးနင်းလာသော ဆိုင်ကယ် များကို ပစ်ခတ်ဖမ်းဆီးရာ ပြည်သူ ၄ဦးဖမ်းဆီးခံထားရကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က ပခုက္ကူမြို့ပေါ်ရှိ မြိုင်လမ်း၊ ပေါက်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်၁၂ ၊ မြို့အဝင်အထွက် နေရာများနှင့် လမ်းကြို လမ်းကြားများ ထိပါ လိုက်လံ ပစ်ခတ်ဖမ်းဆီးနေပြီး ဆိုင်ကယ် ၂ စီးနှင့် လူ ၄ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

” မြိုင်လမ်း၊ ပေါက်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်၁၂၊ မြို့အဝင်အထွက်တွေနဲ့ လမ်းကြိုလမ်းကြားများထိပါ လိုက်ဖမ်းနေတာ ဆိုင်ကယ် ၂စီးနဲ့ ၄ဦး ဖမ်းဆီး ခံရတယ်။ အမှတ်၁၂ ပြည်တော်သာလမ်း ပေါ်မှာလည်း ပစ်ခတ် ဖမ်းဆီး ခံရတယ်။ အဲကိစ္စ အခြေအနေတော့ မသိရသေးဘူး။ လွတ်သွားလား။ ဖမ်းခံရလား ဆိုတာ စစ်ခွေးတွေက အင်အား အများအပြားနဲ့ကို လုပ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ပခုက္ကူမြို့နယ် ကိုင်းစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝမိနစ်ခန့်တွင် ကျေးရွာအတွင်း လက် နက်ကြီး များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များရှိ ပစ္စည်းများကို ခိုးယူ လုယက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကိုင်းကျေးရွာအနီးအနားတွင် မိုင်း ၇လုံးဖြင့် စစ်တပ်စစ်ကြောင်း ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူများ နေထိုင်သည့် ကျေးရွာကို စစ် တပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဗုံး ၇ လုံးပေါက်ပြီး သေနတ် ပစ်သံတွေ ဆူညံနေတည်းက ရွာသားတွေက ထွက်ပြေးတာ ပစ်သံတွေ ရပ်သွားတဲ့အချိန်မှာ စစ်တပ်က ရွာထဲကို လက်နက် ကြီးတွေနဲ့ ပစ်ပြီးတော့ ဝင်စီးတော့တာပဲ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြော ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိချိန်ထိ ကျေးရွာ အနီး အနားတွင် ကင်းပုန်းများ ချကာစောင့်ကြည့်နေသောကြောင့် ဒေသခံ ပြည်သူများ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။khit thit

ဘုတလင်မြို့နယ်တွင် ရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို  ဧပြီ ၈ ရက် ညပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်စီးလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

“ည ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ကူတော်ရဲစခန်းကို မီးရှို့ဖျက်ဆီးတာ။ ရဲတွေကတော့ ထွက်ပြေးသွားလို့ ကာကွယ်ရေးတပ်က အနောက်က လိုက်ပစ်တယ်။ အထိအခိုက်အကျအဆုံးတော့ရှိနိုင်တယ် သေချာတော့မသိဘူး “လို့ ဒေသခံက ပြောပါတယ်။

ရဲစခန်းမီးရှို့ခံရပြီးနောက်  ည ၁၂ နာရီလောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လာပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆက်လက်ပြောပါတယ်။

ကူတော်ရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ ပထမအကြိမ်ဝင်ရောက်ဆီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာ နမခကနေ ဘုတလင်မြို့ဘက် စစ်ကူထွက်လာတဲ့ စစ်ကားတွေကိုလည်း မနေ့ညက တကြိမ် ဧပြီ ၉ ရက် ဒီမ နက် အစောပိုင်းမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့  စစ်ကား ၄ စီး ပျက်စီးသွားတယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေး စပရိုက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ထနှောင်းကုန်းရွာရဲ့ မြောက်ဘက်နားမှာ ကျနော်တို့ မိုင်းဆွဲခဲ့တယ်ဗျ။ ကားနှစ်စီး အရင်မိုင်းဆွဲခဲ့တယ်။ နောက်အလောင်းလာကောက်တဲ့ အ ချိန်ကားနှစ်စီးကို ထပ်မံဆွဲခဲ့တယ်ဗျ။ မိုင်းကလေးလုံးသုံးခဲ့တယ်ဗျ”လို့ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အကျဆုံးရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မိုင်းဆွဲတိုက်ခိုက်မှုကို Anonymous Hero Guerrilla Force ပြောက်ကျားတပ်ဖွဲ့နဲ့ စပရိုက်ပြောက်ကျားတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  လက်နက်ငယ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။DVB

ပေါက်မြို့နယ်တွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦးကို လက်လုပ်သေ နတ် ၂ လက်ဖြင့် PDF ရဲဘော် ၅ ဦးက ဖမ်းဆီး၊ ခုခံထွက် ပြေးစဉ် ပစ်ခတ်မှုကြောင့်သေဆုံး

မကွေးတိုင်း၊ပေါက်မြို့နယ်တွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦးကို လက် လုပ်သေနတ် ၂ လက်ဖြင့် PDF ရဲဘော် ၅ ဦးက ဖမ်းဆီးခဲ့ပြီး ခုခံထွက်ပြေးစဉ် ပစ် ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် JUSTICE RANGER အဖွဲ့မှ တပ်သား ၅ ဦး သည် လက်လုပ်ခါးချိုးသေနတ် ၂ လက်ဖြင့် ၂၂ဘီးကား၃ စီးနှင့်အတူ စစစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို အရေးပေါ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း တို့ နှင့်အတူ MA-3 သေနတ် ၇ လက်၊ ၅ ဒသမ ၅၆ မမ ကျည် ၇၀၀ ခန့် နှင့် ဖုန်း ၁၀ လုံးတို့ကို သိမ်းဆည်း ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိခဲ့သော ကား ၃ စီးအနက်မှ Aluminum Round Comps တင် ဆောင်သော ၂၂ဘီးကားတစ်စီးနှင့် Ferrous (mortar shell) တင် ဆောင်သော ၂၂ ဘီးကားတစ်စီးတို့ကို ပေါက်မြို့နယ်နှင့်ဝေးကွာသော လွတ်မြောက်နယ်မြေသို့ မဟာမိတ်ညီနောင်များ၏အကူအညီဖြင့် နေရာတခုတွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Ferrous (Scrap & cutting )တင်ဆောင်သော ၂၂ဘီးကားတစ်စီးမှာ ပေါက်-ဆိပ်ဖြူလမ်းဘေးတွင် ဘီးပေါက်သွားသဖြင့် အနီးနားတစ်နေရာသို့သိမ်းဆည်းထားခဲ့ကြောင်း၊ ထိုကားကို ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က စစ် ကြောင်းချီတက်လာရင်း တွေ့ရှိသွား၍ ကပဆ(၂၂) ရွှေဘိုကျွန်းသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို စခန်းတွင် ထိန်းသိမ်းထားစဉ် စစ်ကြောင်းထိုးလာချိန်တွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း သိရှိရသည်။khit thit

ပခုက္ကူ မြစ်ဖျားကျေးရွာတွင် စစ်တပ်က ရွာ သား ၄ ဦးကိုပစ်သတ်ပြီး ရွာကို မီးရှို့

မကွေးတိုင်း၊  ပခုက္ကူမြို့နယ်၊  မြစ်ဖျားကျေးရွာမှာ ဧပြီ ၈ ရက် နေ့လယ်က  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ဝင်ရောက်လာပြီး  ဒေသခံရွာသား ၄ ယောက်ကို  ပစ်သတ်ကာ နေအိမ် ၈၀ ကျော်လောက်ကို  မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသား တဦးက “နေ့လယ် သုံးနာရီလောက် စစ်တပ်က သေနတ်ဖောက်ရွာထဲဝင် လာပြီး အိမ်တွေကိုမီးရှို့သွားတယ်။ မီးလောင်တာကတော့ အားလုံး အလုံး ၈၀ ကျော်တယ်။ အသက် ၁၃ နှစ်သားလေးတစ်ဦး အပစ်ခံရတယ် ဒဏ်ရာရတယ်။ နောက်ပြီး ကျေးရွာသားလေးဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်”လို့ ပြောပါတယ်။

မြစ်ဖျားကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာပြည်သူလူထုဟာ  ဘေးလွတ်ရာရှောင်တိမ်းနေရပြီး စစ်ကောင်စီတပ် ပြန်သွားမှသာ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေ ကြပါတယ်။

အခုလို လူသတ်ပြီး ရွာကို မီးရှို့သွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ DVB

ကျွန်းလှ ပိန္နဲကုန်းရွာကို စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းနေ၊ ဒီပဲယင်းရှိ အင်ပင်နှင့်ကုန်းတဲရွာကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ပိန္နဲကုန်းရွာကို ယနေ့ ဧပြီ ၉ ရက်‌နေ့ မွန်းလွဲ ၂ နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာကို ဝင်ရောက် စီနင်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“အခုတော့ ရွာထဲက အိမ်တွေတိုင်းမှာ သူတို့တွေ ရောက်နေကြပြီ ရွာထဲမှာ လူ ၄၊ ၅ ယောက်လောက်တော့ ကျန်ခဲ့တယ် အဲ့လူတွေကိုတော့ ကိုယ့်အိမ် ကိုယ်ပြန် ဆိုပြီး ပြောတယ်လို့ ကြားတယ်။ သူတို့တွေ ဘာဆက် လုပ်မလဲ ဆိုတာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပိန္နဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၂ဝဝ ဝန်းကျင်ဖြင့် ၂ဖွဲ့ခွဲကာ ဝင်ရောက် စီးနင်းခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်သားများက ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲ ထားကာ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ အင်ပင်နှင့် ကုန်းတဲ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်း တွင် ရဟတ်ယာဉ်များဖြင့် လှည့်လည် ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အင်ပင်နှင့် ကုန်းတဲ ကျေးရွာအတွင်းရှိ ပြည်သူများသည် ထွက် ပြေး တိမ်းရှောင် နေရပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ ထိခိုက် ဒဏ်ရာရမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။khit thit

မတူပီမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ ခန့် သေ၊ CDF-မတူပီ ရဲဘော် ၂ ဦး ကျဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတ်လ ၃၀ ရက်ကနေ  ဧပြီလ ၇ ရက်အထိ တိုက်ပွဲတွေအတွင် စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်း ကျောက်ထုမြို့ကနေ မတူပီမြို့ဘက်ကို အင်အားဖြည့်ဖို့တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ မတူပီအခြေစိုက်တပ်ရင်းကနေ သွားကြိုတဲ့ စစ်ကောင်စီတပ်သားတွေကို CDF မတူပီက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ CDF-မတူပီက ရဲဘော် ၂ ယောက်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတယ်လို့လည်း CDF-မတူပီ တာဝန်ရှိသူကပြောပါတယ်။

စစ်အင်အားလာဖြည့်တဲ့ စစ်ကား အစီး ၈၀ ကျော်ဟာလည်း ဧပြီ ၇ ရက် ညနေ ၄ နာရီလောက်မှာ မတူပီမြို့ထဲကိုရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်-မတူပီကားလမ်း ရမ်တိန်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ချန်းပြန်းကျေး ရွာပတ်ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးကာ ပြည်သူတွေပိုင်တဲ့ နွားနောက် ၈ ကောင်ကို သတ်ဖြတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။DVB

ကရင်နီဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံး

ကရင်နီ (ကယားပြည်နယ်)အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော်KA ပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး ဧပြီပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့  KNDFရဲ့  ဧပြီ ၈ ရက်  ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို – ဖရူဆို ကားလမ်းမတလျှောက် အပြင်းအထန်ထိုးစစ်ဆင်နေသလို  ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေကိုလည်း တပ်အင်အားနဲ့ ရိက္ခာတွေ  ပို့ဆောင်နေတာကြောင့် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်ရှိ ကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတာပါ။

KNDF B 04 တပ်ဖွဲ့တာဝန်ရှိသူတဦးက “ နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေပါတယ်။ ဖရူဆိုမြို့နယ်အ၀င် ဒီးမော့ဆိုမြို့အဆုံး ထူလွီဘီလား၊ ငွေတောင်ရွာသစ်၊ ဒေါညေးခူ တို့ တကြောလုံးမှာ   KNDF B 04 / KA တို့အပြင် PDF ပူးပေါင်းတပ်နဲ့အတူ စစ်ကောင်စီစစ်တပ်ရဲ့ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်။ မိုးမကျခင်မှာ ဖက်ဆစ်စစ်တပ်တွေဟာ ဖရူဆိုမြို့နယ်အတွင်းရှိ တပ် ၃ တပ်ကို ရိက္ခာအပြည့်ဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။ တကယ်လို့သာ ကျနော်တို့ မဖြတ်တောက်နိုင်ရင် မိုးရာသီအတွင်း ဖရူဆိုမြို့နယ်မှာ ဖက်ဆစ်စစ်တပ်ဘက်က ဒီထက်ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ ပြင်ဆင်နေမယ့် အနေအထားရှိနေတယ်” လို့ ပြောပါတယ်။

ဧပြီ ၂ ရက် မနက် ၅ နာရီခွဲလောက်က လွိုင်ကော်မြို့နယ်၊ လောပိတရေအားလျှပ်စစ် စက်ရုံအမှတ် (၁) ရှိ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို ကရင်နီတပ်မတော်KA နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သလို နေ့လယ်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂ ဦး သေဆုံးခဲ့ပါတယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်မနက် ၉ နာရီခွဲလောက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာနဲ့ပဒုံငံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နဲ့ ကဒါးလားကျေးရွာအကြားမှာလည်း လွိုင်ကော်ကနေဖရူဆိုကို ရိက္ခာပို့မယ့် စစ်ကောင်စီတပ်ယာဥ်တန်းကို KA နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီယာဥ်တန်းနဲ့ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေ ကဒါးလားကျေးရွာနဲ့ ဘုရားစေတီတွေမှာ တပ်စွဲထားတာဖြစ်ပြီး အဲဒီနေ့ မွန်းတည့်ကနေ ညနေ ၄ နာရီကျော်အထိ ထိတွေ့တိုက်ပွဲမှာ  စစ်ကောင်စီတပ် ၄ ဦးနဲ့ KNDF ဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၄ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေကို  ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် တဦး ကျဆုံးခဲ့ရပါတယ်။

ဧပြီ ၅ ရက်ကလည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးအတွင်း ဖြတ်သန်း သွားနေတဲ့စစ်ကောင်စီယာဥ်တန်းကို KNDF က ပြောက်ကျား တိုက်ခိုက်ခဲ့သလို အဲဒီနေ့ည ၈ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနဲ့ ခြေတော်ရာဘုရားတောင်အနီးတဝိုက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

ဧပြီ ၇ ရက် မနက် ၉ နာရီလောက်မှာတော့ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးပြီး လမ်းကင်းချထားတဲ့ စစ်ကောင်စီတပ်တွေကို KA နဲ့ KNDF တို့က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၃ ဦး ကျဆုံးခဲ့ပါတယ်လို့ သိရပါတယ်။ အ လားတူ ဒီးမော့ဆိုမြို့နယ်၊ ငွေတာင်ရွာသစ်ကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က  ၄ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဧပြီလ ပထမအပတ်အတွင်း အရပ်သားပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ဦး သေဆုံးရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေက နေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၉ လုံး လက် နက်ကြီး ထိမှန်တာကြောင့် ပျက်စီးခဲ့တယ်လို့လည်း KNDF  ထုတ်ပြန်ချက်အရ သိရပါတယ်။DVB

« Older Entries