ပေါက်မြို့နယ် ကျောက်အိုးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းစဉ် ပြည်သူပိုင် ပစ္စည်းများနှင့် ဘုန်းကြီး ကျောင်းရှိ ပစ္စည်းများပါ ဖျက် ဆီး


မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ကျောက်အိုးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ဘုန်းကြီးကျောင်းရှိ ပစ္စည်းများပါ ဖျက်ဆီးသွားကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျောက်အိုးရွာကို ဧပြီလ ၁၄ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ကာ ဧပြီလ ၁၈ ရက်နေ့ထိ ရွာထဲ၌ တပ်စွဲခဲ့ပြီး ပြည် သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
” ပြည်သူပိုင် ဆိုင်ကယ်တွေ စားသောက်ကုန် ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်။ ဆန်တွေကိုလည်း အကုန်မှောက်ချခဲ့တယ်။ ဘုန်းကြီး ကျောင်းကျတော့ ခေါင်မိုးကို ဖျက်ပြီး ခိုးဝင်တာ ကျောင်း အသုံးအဆောင် ပစ္စည်းတွေ ဖျက်ဆီးခံရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြော ဆိုသည်။khit thit