Student CDM ID များ စတင်လျှောက်ထားနိုင်၊ အာဏာမသိမ်းမီ သင်ရိုးဟောင်း ၇ တန်းမှ ၁၀ တန်းထိ တက်ရောက်ခဲ့သူများကို ပထမအ သုတ် ထုတ်ပေးမည်
တော်လှန်ရေးကာလအတွင်း စစ်ကောင်စီကဖွင့်လှစ်သော ကျောင်းများကိုမတက်ဘဲ အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှု(CDM) ပြုလုပ်နေသော ကျောင်းသားကျောင်းသူများကို CDM ID for Students – BESAF နှင့် Basic Education Student Affairs Federation – BESAF တို့၏ စီစဉ်မှုဖြင့် CDM ID များ ထုတ်ဝေ ပေးမည်ဖြစ်ကြောင်း သိရသည်။
CDM ID Code နှင့် ID Card ရရှိရေးအတွက် လျှောက်လွှာများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ဖြည့် သွင်းနိုင်ပြီး အာဏာသိမ်းကာလမတိုင်မီ သင်ရိုးဟောင်း ၇ တန်းမှ ၁၀ တန်းအထိ တက်ရောက်ခဲ့သူများကို ပထမအသုတ်အနေဖြင့် CDM ID ထုတ်ပေးသွားမည်ဖြစ်သည်။
တော်လှန်ရေးကာလအတွင်း ယခုအစီစဉ်ကိုဖော်ဆောင်ရသည့်အဓိကရည်ရွယ်ချက်မှာ CDM ကျောင်း သား၊ ကျောင်းသူများအတွက် အာမခံချက်တစ်ခုဖြစ်စေနိုင်ရေးနှင့် CDM ကျောင်းသားများ၏ ပေးဆပ်မှုကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း အ.က.ရ ဗဟို ဥက္ကဋ္ဌ ကိုကောင်းခန့်ကျော်က ပြောသည်။
“အခုတော်လှန်ရေးကာလမှာ အဓိကထုတ်ပေးရတယ့်ရည်ရွယ်ချက်က မျှော်လင့်ချက်မဲ့လာတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေအတွက် ရတဲ့နည်းလမ်းနဲ့ အာမခံချက်တစ်ခုဖြစ်စေနိုင်ရေးကိုလည်း ရည် ရွယ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးဟာ ဗျူဟာစုံနဲ့သွားနေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ အခွင့်အရေးအတွက် တော်လှန်ရေးကာလမှာ အများကြီးဖော်ဆောင်နိုင်မှုနည်းပေမယ့် အခုချိန်ထဲက ကြိုတင်ပြင် ဆင်ထားပြီး တော်လှန်ရေးကာလမှာထဲက CDM , Non CDM ကွဲပြားစေရန် ရည်ရွယ် ပါတယ်။ ပြီးတော့ Non CDM ကျောင်းသားတွေအ ကြား ကျနော်တို့က အရေးယူဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊ အဓိကက CDM ကျောင်းသားတွေရဲ့ ပေးဆက်မှုကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ CDM ကျောင်းသားတွေ ပညာရေးအနောက်ကျခံ၊ နိုင်ငံတော်အတွက် ကိုယ့်အနာဂတ်ကို စွန့်ထားတဲ့သူတွေရဲ့ စွန့်လွတ်မှုက အခုလို မျှော်လင့် ချက်မဲ့လာတဲ့အချိန်မှာ အသိအမှတ်ပြုဂုဏ်ပြုပေးတာ မဖြစ်သင့်ဘူးလား။ Non CDM တွေကို ကျောင်းတက်ခွင့်မပေးဘူး၊ စာမသင်ရဘူးပြောနေတာလည်း မဟုတ်ပါဘူး။ အားလုံးဟာ တူညီတဲ့ ပညာရေးရရမှာပါဘဲ။ ဒါပေမယ့် Non CDM တွေထက် ခြေတစ်လှမ်း သာနေဖို့တော့ ကျ နော်တို့ အဖွဲ့ချုပ်က CDM ကျောင်းသားတွေအတွက် ကြိုးစာနေမှာပါ။” ဟု ပြောသည်။
၎င်းတို့အနေဖြင့် CDM ကျောင်းသား/သူများအတွက် ID ထုတ်ပေးရေးလုပ်ငန်းစဉ်ကို အကောင်အထည် မဖော်မီ ပညာရေး၀န်ကြီးဌာနနှင့်လည်း တွေ့ဆုံဆွေးနွေးပြီး တင်ပြခဲ့ခြင်းရှိသလို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာနနှင့်လည်း CDM ID အတွက် အ နီးကပ်ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။
CDM ID ကိုင်ဆောင်ထားသူ ကျောင်းသားတစ်ယောက်အနေဖြင့် တော်လှန်ရေးကာလနှင့် တော်လှန်ရေး ကာလအလွန်တွင် မည်ကဲ့သို့အခွင့် အရေးများပေးမည်ဆိုသည်ကို အစိုးရနှင့်ရော၊ အဖွဲ့အစည်းအတွင်းပါ ဆွေးနွေးမှုများပြုလုပ်နေပြီး ယခုတော်လှန်ရေးကာလအတွင်း၌ ကြား ကာလ အသိပညာပေးသင်တန်း များ ကို ၀န်ကြီးဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
CDM ID ရှိသည့်ကျောင်းသားများအတွက် ဦးစားပေးသည့်အပိုင်းကိုလည်း စီစဉ်နေကာ တော်လှန်ရေး ကာလအလွန်၌ ပြည်ပ Scholarship လျှောက်မည့် ကျောင်းသား၊ ကျောင်းသူများကို အဖွဲ့ချုပ်ဘက်မှ ထောက်ခံပေးပြီး အစိုးရနှင့်ညှိနှိုင်းသည့်အပိုင်းများလုပ်နေသည့်အပြင် အခွင့်ရေးများပိုမိုရရှိစေရန် ညှိနှိုင်း နေခြင်းများရှိကြောင်းလည်း ပြောသည်။
လက်ရှိတော်လှန်ရေးကာလတွင် ပထမအဆင့်အနေဖြင့် Student CDM ID Code သာ ထုတ်ပေးသွားမည် ဖြစ်ပြီး တော်လှန်ရေးကာလအ လွန် ပြည်သူ့အစိုးရယန္တရားလည်ပတ်သည့်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ပြည်သူ့အစိုးရထံ လွှဲပြောင်းပေးရမည့် ကျောင်းတက်ခဲ့သူဦးရေ စာရင်းများ၊ စာမေးပွဲ ဖြေဆိုခဲ့သူစာရင်းများ အစရှိသည့် စာရင်းများကို အစိုးရထံမှ တောင်းခံတိုက်စစ်ပြီး အတည်ပြုပြီးသူများကို Student CDM ID Card များ ထုတ်ပေးနိုင်ရေး အစီအစဉ်ကိုလည်း ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
Student CDM ID များ လျှောက်ထားရန်အတွက် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ Facebook စာမျက်နှာ Basic Education Student Affairs Federation – BESAF တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းသိရသည်။mizzima