Monthly Archives: May 2022

ရန်ကုန်ဗဟန်း၊ ရွှေပေါက်ကံတို့တွင် ဗုံးများပေါက်ကွဲပြီး တွံ့တေးနှင့်လှိုင်သာယာတွင် ရာအိမ်မှူး တစ်ဦး၊ စစ်တပ်နှင့်ပူးပေါင်းဆောင် ရွက်နေသူ တစ်ဦး အသတ်ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် အလွန်ပြင်းထန်သော ဗုံးနှစ်လုံးပေါက်ကွဲသံကြားရကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့ နံနက် ၁၀ နာရီ ၁၄ မိနစ်အချိန်မှာ ဗုံးတစ်လုံးပေါက်တယ်။ အသံအရမ်းကျယ်တယ်။ နောက်တစ်ခါ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ ဒုတိယအကြိမ် ဗုံးထပ်ပေါက်တယ်။ အဲဒါက ပထမဗုံးထက် ဒုတိယဗုံးက ပိုကျယ်တယ်။ မီးခိုးလုံးကြီးတွေတက်လာတာ မြင်လိုက်ရတယ်” ဗဟန်းဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံ၁၂ရပ်ကွက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း သိရှိသည်။

ထို့ပြင်ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်ဝန်းကျင် ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေသည့် တွံတေးမြို့ နယ် ကရင်ပြည်သူ့ပါတီဥက္ကဌ အယ်မူကြီးသည် တွံတေး-မအူပင်ကားလမ်း သံတံတားအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်မှုကို တွံ့တေးမြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

တွံတေးမြို့ ၊ စျေးသစ်ရပ်ကွက် ၊ မရမ်းကုန်း (၁) လမ်းတွင် နေထိုင်(ခေတ္တ)သည့် အယ်မူကြီးဆိုသူကို တွံတေးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံခဲ့ရသူ အယ်မူကြီးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ လက်နက်ကိုင် DKBA,BGF တို့နှင့် ပူးပေါင်း၍ မြို့နယ်ပျူစောထီးအဖွဲ့ များ ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေခြင်း၊ လူရွယ်များအား PDFများဟု စွပ်စွဲအမည်တပ်၍ ဖမ်းဆီးခိုင်းခြင်း၊ ဖမ်းဆီးခံရသည့်လူငယ်တွေကို အမှုလိုက်ပွဲစားလုပ်ခြင်း၊ လူထုတော်လှန် ရေးအစတွင် ဆန္ဒထုတ်ဖော်သူတွေကို ဆန္ဒမပြရန်ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှု စာသင်ကျောင်း CDMဆရာ/ဆ ရာမတွေကို ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင်သင်ကြားစေခြင်း နှင့် လူမျိုးရေးနှင့်ဘာသာရေးတွေကို အကြောင်းပြုပြီး အကြမ်းဖက်စစ်ကောင် စီ အလိုကျသတင်းပေးခြင်း၊ ကရင်အမျိုးသားတွေကိုစစ်ကောင်စီအားထောက်ခံလာစေရန် စည်းရုံးလှုံ့ဆော်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အမှတ် ၉ ရပ်ကွက် သရက်လမ်း တွင် စစ်မှု ထမ်းဟောင်း စစ်ကောင်စီခန့် ရာအိမ်မှုး ထွန်းကျော် သေနတ်ဖြင့် ၂ ချက်တိတိပစ်ခတ်ခံခဲ့ရကြောင်း၊ ထွန်းကျော်၏ရင်ဝတည့်တည့် ကျည်တစ်ချက် ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ၊ အဆိုပါ ရှင်းလင်းမှုကို From Zero to Hero အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသတ်‌ဖြတ် ခံလိုက်ရသော တော်လှန်ရေးညီနောင်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း From Zero To Hero မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။khit thit

ပိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန် နွေဦးထီခေတ္တရပ်ဆိုင်းမည်ဟု NUG ကြေညာ

ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ နွေဦးထီရောင်းချတဲ့ လုပ်ငန်းကို ဒီကနေ့ မေလ ၁ ရက်ကစပြီး ခေတ္တခဏ ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

အခုလို ခဏရပ်ဆိုင်းတာဟာ နွေဦးထီ Messenger Chat Bot ကနေ ရောင်းချပေးတဲ့ လုပ်ငန်းသာဖြစ်ပြီး နိုင်ငံတကာကိုယ်စားလှယ်တွေ ရောင်း တဲ့ ပြည်ပ Bulk Purchase စနစ်ကို ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ 

သတင်းအချက်အလက်နဲ့ လုံခြုံရေးက အဓိက ဦးစားပေးဖြစ်တာကြောင့် နည်းပညာအဆင့်မြှင့်တင်ပြီး ပိုပြီးလုံခြုံတဲ့ ငွေပေးချေမှုပုံစံနဲ့ ပြန် လည်စတင်သွားမယ်လို့ ဆိုပါတယ်။ 

အောင်လံလွှင့်ချီနွေဦးထီကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်က စပြီး အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချခဲ့ကာ လစဉ် ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့သွားမယ်လို့ NUG က ကြေညာခဲ့တာပါ။DVB

NLD အမည်သုံး၍ နိုင်ငံတကာအဖွဲ့များ ၊ သံရုံးများကို ဆက်သွယ်ခြင်းများ မသက်ဆိုင်၊ တ ရားမဝင် စစ်​ကောင်စီက ​နိုင်ငံ​ရေးထွက်​ပေါက်အဖြစ် ရွေး​ကောက်ပွဲလုပ်ရန် ကြိုးပမ်း ဟု NL D ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် စစ်ကောင်စီ သို့မဟုတ် ၎င်းမှဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်ရန် မည်သူ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကိုမျှ တာဝန်ပေးအပ်ထားခြင်းမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေး ကျင်းပနိုင်ခြင်းမရှိသည့် ကာလဖြစ်ကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းရန်တာဝန်ပေးအပ်ထားခြင်းမရှိဟု ဆိုသည်။

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ သံရုံးများနှင့် ဆက်သွယ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ကို အလွဲသုံးစားပြု၍ ချိတ်ဆက်ဆောင်ရွက်နေမှုများရျိကြောင်း၊ ထိုအရာများသည် NLD နှင့် သက်ဆိုင်ခြင်းမရှိဟု အသိပေးထားသည်။

ယခုထုတ်ပြန်ချက်ကို NLD ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ၏ ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြုပ်လုပ်သော အစည်းအဝေးမှ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

နွားထိုးကြီး မင်းစုံတောင် ရှောတောရိုးကွေ့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကနေ ပြင်စည်ကျေးရွာကို ဦးတည်သွားနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ယောက်လောက် လိုက်ပါလာတဲ့ စစ်တပ်သုံးအစိမ်းရောင် ဖိုးဝှီးကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကို နွားထိုးကြီးမြို့နယ် မင်းစုံတောင် ရှောက်တောရိုးကွေ့မှာ ဧပြီ ၃၀ ရက်နေ့ မနက် ၈ နာရီလောက် နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စုစုပေါင်းမိုင်း ၁၂ လုံးဆွဲခဲ့တာဖြစ်ပြီး အရင်ဆုံး မိုင်း ၄ လုံးတွဲကို ခွဲခဲ့ပြီး ကားထိုးရပ်သွားလို့ စစ်ကောင်စီအဖွဲ့ဝင်တွေ ကားပေါ်က ဆင်းကာ ရမ်းသန်း ပစ်ခတ်ခဲ့တဲ့အချိန်မှာ ၈ လုံးတွဲ ပဒေသာမိုင်းကို ထပ်မံဖောက်ခွဲခဲ့တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

“၂၇ ရက်နေ့က ပြင်စည်ရွာစာသင်ကျောင်းမှ တပ်စွဲထားတဲ့တပ်ကို လက်နက်ကြီး တလုံးထုတယ်။ ထုတော့ကျတော့ အဲ့ကောင်တွေဘက်က သုံး ယောက်ထိတယ်။ နှစ် ယောက်ကျတယ်။ အဲဒါကို စစ်ကူလာမယ်ထင်ပြီးတော့ အဲနေ့ကတည်းက ကျနော်တို့က အဲဒီလမ်းပေါ်မှ‌ေပေါ့နော် ပွိုင့်တင်ထားတာပေါ့။ ပွိုင့်တင်ထားတဲ့ဟာကို ဒီနေ့မှ လာလို့ ခွဲလိုက်တာ။ ကားတစီးကတော့ မိုးကာတွေ မီးလောင်ပြီး မှန်တွေရောပွင့်သွားတယ်” လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ် (NPDF) အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးလောက် သေဆုံးထိခိုက် ဒဏ်ရာရနိုင်တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုခဲ့ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မိုင်းဆွဲခံရတဲ့ကားကို နွားထိုးကြီးမြို့ဘက် ပြန်လည်မောင်းယူရာ ခက်လန်းရွာအနီး ထိုးရပ်သွားခဲ့တာကြောင့် ကားတစီးခေါ်ကာ ပြန်လည်ဆွဲယူသွားခဲ့ရတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

“နွားထိုးဘက်မှာ ပွဲကြမ်းနေတယ်။ အဲဘက်ကို အလုံးအရင်းနဲ့တက်တယ်ဆိုတော့ ကျနော်တို့က ဒီဘက်ကနေပြီးတော့ စစ်ကူသဘောမျိုးနဲ့ပေါ့နော်။ ထွက်သွားပြီးတော့ ရဲစခန်းနဲ့ ပေ ၂၀၀ ဝန်းကျင်လောက်ကနေပြီးတော့ သေချာချိန်ပြီးတော့ ပစ်တာပေါ့။ မြင်လည်းမြင်နေရတာပေါ့။ ရဲစခန်း နှစ်ထပ်ဆောင် လိုင်းခန်းမြောက်ဘက်ခြမ်းကို သေချာချိန်ပြီးတော့ ပစ်တာပေါ့။ ထိခိုက်မှုကတော့ ဖြစ်နိုင်တာကတော့ ၄ ယောက်လောက်လို့တော့ အတွင်းသတင်းအရ အဲလိုတော့ရတယ်။ ဒါပေမယ့် စခန်းကြီးဖြစ်နေတဲ့အတွက် Confirmed ကြီးထိအောင်တော့ မရဘူး” လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဇင်ယော်က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲစခန်းဟာ တောင်သာမြို့ တောင်ဘက် မိတ္ထီလာဘက်ကို ထွက်တဲ့ လမ်းမကြီးဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားတဲ့ ဘိုးဘွားရိပ်သာနဲ့ ကိုက် ၂၀၀ ကျော်လောက်သာ ဝေးတယ်လို့လည်း သိရပါတယ်။

တောင်သာမြို့ထဲမှာတော့ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ရန်ဖြစ်ပစ်ခတ်တယ်လို့ စစ်ကောင်စီအဖွဲ့က သတင်းလွှင့်ထားကြောင်း တောင်သာမြို့ ဒေသ ခံတွေက ပြောပါတယ်။DVB

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်၊ ကျည်တစ်တောင့် ၊ လူတစ်ဦးကျန်သည်အထိ စခန်းမကျအောင် ခုခံရန် အမိန့်ပေး၊ ထိုင်းစစ်စခန်းနှင့် UWSA “၀” တပ်ဖွဲ့ စခန်းတွေကို မြေပုံထုတ်ပြင်ထားဖို့ ညွှန်ကြား

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြို တင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်ထားတယ်လို့ စစ်ဘက်သတင်းအချက်အလက်တွေကို ကိုးကားပြီး Fortify Rights အဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ကိုနစ်ကီဒိုင်းမွန်းက လူမှုကွန်ရက်တစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ခေတ်သစ်က ကိုနစ်ကီဒိုင်းမွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီအချက်အလက်တွေဟာသေချာ စိစစ်ပြီးမှ ထုတ်ပြန်တာတွေဖြစ်ပြီး စစ်တပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် စိစစ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ စစ်တပ်သတင်းရင်းမြစ်တစ်ခုကလည်း ခုခံစစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်နေတာ မှန်ကန်တယ်လို့ အတည်ပြုပါတယ်။

ခုခံစစ်နဲ့ပတ်သက်လို့ စစ်တပ်ရဲ့ ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက် ၈၁ ချက်မှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ပါဝင်နေပြီး အဓိကအား ဖြင့်တော့ ရန်သူအင်အား ၁၀ ဆဖြစ်နေရင်တောင်မှ ခုခံတိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မွေးမြူပြီး ခံစစ်ပြင်ကြဖို့လည်းပါဝင်ပါတယ်။

ထူးခြားတာကတော့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ စစ်စခန်းတွေ၊ နယ်စပ်ကျေးရွာတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်အဖြစ် ထားရှိဖို့နဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ဖို့ လေ့ကျင့်ထားဖို့ လည်း ညွှန်ကြားပါတယ်။ ထိုင်းစခန်းတွေကို ၁၂၀ မမ ပစ်ခတ်နိုင်ဖို့ကိုလည်း အမိန့်ပေးထားပါတယ်။

ဒါ့အပြင် UWSA “၀” တပ်ဖွဲ့ရဲ့ တပ်စခန်းနဲ့ထိုင်းစစ်စခန်းတွေရဲ့ မြေပုံတွေ တင်ထားကြဖို့လည်း ညွှန်ကြားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်းတွေမှာ ခုခံစစ်ကို အဓိက ထားနေပြီး တိုက်စစ်ထက် စခန်းမကျဖို့ အဓိက ထားညွှန်ကြားနေတာလည်းဖြစ်ပါတယ်။khit thit

ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ ရက်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက် မြေကြီးတူးဖော်ရောင်းစားနေ

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၂၃၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၂၆ ရပ်ကွက်တွေက

မြေတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ စည်ပင်သာယာအဖွဲ့တို့ ပေါင်းပြီး တူးယူရောင်းစားနေကြပါတယ်။

အဲ့ဒီ မြေရောင်းစားနေတဲ့အဖွဲ့ကို စစ်ကောင်စီခန့် ရပ်ကွက် ဥက္ကဋ္ဌဦးကျော်ကျော်ထွေး ဦးဆောင်တာပါ။

မြေကြီးသယ်တဲ့ကား ရာနဲ့ချီပြီး ရပ်ကွက်ထဲက မြေတွေကို တူးရောင်းစားနေကြတာ အခုဆို မြေသယ်ကား အစီးရေပေါင်း ထောင်ချီပြီးရောင်းချပြီးနေပါပြီ။

သယ်ယူရတဲ့ မြေကွက်အနီးအဝေးပေါ်မူတည်ပြီး ကားတစ်စီးကို ငွေကျပ် ၂၀,၀၀၀ ကနေ ကျပ်၃၅,၀၀၀ အထိ ပေါက်စျေးနဲ့ ရောင်းစားနေကြတာဖြစ်ပါတယ်။

ရပ်ကွက်ထဲက ရပ်ကွက်နေပြည်သူတွေက စုပေါင်းပြီး လက်မှတ်ထိုး တိုင်တန်းထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာမရှိသေးပါဘူး။

၁၂၅ရပ်ကွက်နဲ့ ပူးတွဲအုပ်ချုပ်ရာ ရပ်ကွက်ဖြစ်ပြီး ကျွန်တော်တို့ လက်ရှိနေတဲ့ ၁၂၃ ရပ်ကွက် ပြည်သူတွေ ထိခိုက်နစ်နာနေကြရပါတယ်။

ရပ်ကွက်ထဲမှာ ရေမြောင်းတူးဖော်ဖို့ဆိုပြီး ခုနစ်ပေကနေ ကိုးပေအထိ အလွန်နက်တဲ့ မြောင်တွေတူးဖော်ပြီးရောင်းစားနေကြတာဖြစ်ပါတယ်။

အရင်က ဘာမှမရှိတဲ့ အုပ်ချုပ်မှူးကတောင် အခု မြေရောင်းရ ငွေတွေနဲ့ တိုက်အိမ် ဆောက်နေပြီးဖြစ်ပါတယ်။ ရပ်ကွက်နေပြည်သူတွေက တိုင်တန်းထားပေမယ့်လည်း အခုထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူး။

ဒီလိုမြောင်းကြီးတွေတူးပြီး မြေကြီးရောင်းစားနေကြတာကြောင့် မိုးရာသီ မိုးကြီးချိန်တွေမှာ ရေမြောင်းတွေထဲ ရေနစ်သေဆုံးတာတွေ အထိရှိလာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံကနေ ထောက်ပံ့ဆန်တွေကို စစ်ကောင်စီက ရပ်ကွက်ထဲမှာ ဝေပေးနေပါတယ်။ နိုင်ငံတော်ဝေငှဆန်အဖြစ်နဲ့ အမည်တိတိကျကျမတပ်ဘဲ ၁၂၃ ရပ်ကွက်မှာဆို ၆၁ အိတ်ပဲရတယ်။

၁၂၄ရပ်ကွက်က ဆန်အိပ်ပေါင်း ၁၈၀ ရပါတယ်။ ညီညီမျှမျှမရဘဲ ရာအိမ်မှူးက လုပ်ချင်သလို လုပ်နေတာကိုလည်း ခံနေကြရတာပါ။ ၁၂၃ ရပ်ကွက်က စစ်ကောင်စီခန့်တဲ့ ရာအိမ်မှူး ဦးစိုးသိန်းက သူ့မိသားစုနဲ့ နီးစပ်တဲ့သူတွေကိုသာ ပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ၁၂၃ ရပ်ကွက်က အိမ်ခြေ ၄၀၀နီးပါးရှိပေမဲ့ ၆၁ အိမ်ကိုသာ ဆန်များပေးဝေထားပါတယ်။ ဆန်ပေးတဲ့နေရာမှာလည်း ဖိအားပေးခြိမ်းခြောက်တာတွေလုပ်ပါတယ်။

ရာအိမ်မှူးနဲ့ နီးစပ်တဲ့ သူတွေသာပေးတာပါ။ အဲ့ဒီကိစ္စ ဘယ်တိုင်ရမှန်းမသိဘူး ဖြစ်နေပါတယ်။

ဒီအခြေအနေတွေကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မဇ္ဈိမအယ်ဒီတာထံပေးစာကတဆင့် ရေးသားတင်ပြလိုက်ရပါတယ်။mizzima

MOGE ကို ပိတ်ဆို့ရေး ကန်ပိန်းလုပ်ရန် သွေးစွန်းငွေအဖွဲ့ တိုက်တွန်း

မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MO GE) ကို အရေးယူပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ Campaign မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့က တိုက်တွန်းထားပါတယ်။ 

ဒီလှုပ်ရှားမှုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်မှု၊ မုဒိန်းမှု၊ ဓားစာခံဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ ငွေပင်ငွေရင်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက်စာပို့ တောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ 

MOGE ရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံနိုင်ငံခြားဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော် အမြတ်အစွန်း ရရှိနေတာလို့ ဆိုပါတယ်။

အမေရိကန်အစိုးရက MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ရင် စစ်အုပ်စု လက်နက်ဝယ်ယူရေးနဲ့ လေကြောင်းတိုက်ဖို့ လောင်စာဝယ် ယူရေး ခက်ခဲပြီး ရပ်တန့်သွားမှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလက်မှတ်ထိုးလှုပ်ရှားမှုကို Blood Money Facebook Page မှာ ဝင်ရောက်ကြည့်နိုင်ပြီး မေ ၂ ရက်ထိ နောက်ဆုံးထား ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။ 

မေ ၇ ရက်ကနေ ၁၃ ရက်အထိလည်း သွေးစွန်းငွေ ဖြတ်တောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။DVB

မင်းအောင်လှိုင် ညွှန်ကြားချက်အရ မန္တလေး တိုင်း၊ သာစည်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအမည်ခံအဖွဲ့ဝင် ၅၉၉ ဦး စုဆောင်း

အကြမ်းဖက် မင်းအောင်လှိုင် ညွှန်ကြားချက်အရ မန္ဆလေးတိုင်း၊ သာစည်မြို့ နယ်မှာ ပြည်သူ့လုံခြုံ ရေးအမည်ခံအဖွဲ့ဝင် ၅၉၉ ဦး စုဆောင်းထားရှိတယ်လို့ သာစည်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ရဲတပ်ဖွဲ့ဝင်တွေပါဝင်ပြီး လိုအပ်တဲ့ သင်တန်းတွေကို ရဲတပ်ဖွဲ့ဝင်တွေဘက်က ပေးမယ်လို့ သာစည်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

စစ်တပ်ရဲ့ အမိန့်အရ မဖြစ်မနေပါဝင်ရတာဖြစ်ပြီး အများစုကတော့ စစ်ကောင်စီ လက်ကိုင်တုတ် အဖွဲ့မှာ မပါဝင်ချင်ကြဘူးလို့ သိရပါတယ်။ တချို့အဖွဲ့ဝင်တွေကတော့ စစ်တပ်ဘက်က အတင်းအကျပ် နာမည်စာရင်း ထည့်သွင်းတာလို့လည်းသိရပါတယ်။

YMBA ၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဒေသအကျိုးလိုလားသူ၊ ကြံ့ခိုင်ရေးပါတီ၊ ဘာသာရေးအဖွဲ့တွေ အပါအဝင် စုစုပေါင်း ၅၉၉ ဦး ရှိတယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်စီမံချက်ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ဖို့ မြို့နယ်၊ ရပ် ကွက် တွေမှာ စတင် လူစုနေပြီး ဖွဲ့စည်းမှုတွေ လည်း စတင်လုပ် ဆောင်လာနေပြီဖြစ်ပါတယ်။

မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်းဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့တွေ စမ်းသပ် ဖွဲ့စည်းဖို့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီ လုံ ခြုံရေးအစည်း အဝေးတွေမှာ လျှို့ဝှက်ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့ အဲဒီညွှန်ကြားချက်အတိုင်း ရပ်ကွက်တိုင်းမှာ လူ ၂၀ ဦးပါဝင်တဲ့ လုံခြုံရေးအဖွဲ့စာရင်းတွေကို စစ်တပ်က ဧပြီလ ၂၈ ရက်နေ့မှာ စ တင်ကောက်ခံနေပြီဖြစ်ပါတယ်။

လူစာရင်းကို ရပ်ကွက်အလိုက် မဖြစ်မနေ ပေးရမယ်လို့ သိရှိရပြီး လူ ၂၀ မှာ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်း၊ ဌာနဆိုင်ရာဝန်ထမ်းဟောင်း၊ ပြည်သူ့စစ်၊ ရပ်ရွာအကျိုးလိုလားသူ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ဘာသာရေးအဖွဲ့တွေ၊ အရန်မီးသတ်၊ ကြက်ခြေနီတွေ ပါဝင်ရမယ်လို့ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်

အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ပြည်သူတွေပါဝင်မယ့် ပြည်သူ့လုံခြုံရေးစနစ် အကောင် အထည်ဖော်နေပြီး ဒီစနစ်ကြောင့် အကြမ်း ဖက်မှုတွေ လျှင်မြန်စွာချုပ်ငြိမ်းသွားမှာဖြစ်တဲ့အကြောင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို လက်နက်နဲ့ လိုအပ်တာတွေ တပ်ဆင်ပေးမယ်လို့ ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။khit thit

ရွာလုံးကျွတ်မီးရှို့ခံရသည့်ကျောက်အိုးရွာကို ပြည်သူ့ကာကွယ်ရေးတပ်များ စားနပ်ရိက္ခာ ထောက်ပံ့

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျောက်အိုးကျေးရွာ ပြည်သူတွေကို ဧပြီ ၃၀ နေ့ နေ့နဲ့ YRF တပ်ဖွဲ့က စားနက်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း CDF-မင်းတပ်က စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေ လာရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို လူငယ်တော်လှန်ရေးတပ်ဦး YRF က လာရောက်လှူဒါန်းပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ နောက်နောင်မှာလည်း အခုလို လှူဒါန်းတဲ့သူတွေ ပေါ်ပေါက်ဖို့ မျှော်နေရတယ်” လို့ ကျောက်အိုးရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF-မင်းတပ်ကလည်း စားနက်ရိက္ခာတွေနဲ့ ငွေ ၇၀၀,၀၀၀ ကျပ် လာရောက်လှူဒါန်းပေးခဲ့လို့ တောင်ပေါ်မြေပြန့် ခွဲခြားစိတ်မရှိဘဲ လာလှူပေးတဲ့ သွေးချင်းတွေကို အရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်နေ့က စလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်ထိုးကာ ၅ ရက်တိတိစခန်းချပြီး ရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ် နေအိမ် ၈၄ လုံး မီးလောင်ဆုံးရှုံးကာ တောထဲမှာ စားနပ်ရိက္ခာတွေနဲ့ ပစ္စည်းတွေထားတဲ့ တဲတွေကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အချိန်မှာ တရွာလုံးဘေးလွတ်ရာ ထွက်ပြေးကြရပြီး မိုးကာတွေနဲ့ တဲထိုးနေထိုင်ကြရကာ ဒီနေ့အချိန်ထိ ရွာကိုမပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

“စစ်ကြောင်းထပ်ထိုးလာမှာကြောက်လို့ တချို့က မီးလောင်ထားတဲ့ သွပ်ကလေးတွေကာ၊ တစ်ချို့က ထန်းလက်ကလေးတွေမိုးပြီး တစ်ချို့က မိုးကာတွေနဲ့ ဖြစ်သလိုနေထိုင်ကြရတယ်” လို့ ကျောက်အိုးရွာသားက ပြောပါတယ်။

မိုးရာသီရောက်တော့မှာဖြစ်လို့ နောက်ထပ်နေရာရွှေ့ရမယ်ဆိုရင်လည်း မိုးကာတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်အိုးကျေးရွာ ဒေသခံပြည်သူတွေကို စင်ကာပူရောက်ညီအစ်ကိုမောင်နှမတွေက YRF ကနေတဆင့် လှူဒါန်းပေးလို့ ဧပြီ ၃၀ ရက်နေ့မှာ ဆန်အိတ် ၃၆ အိတ်နဲ့ ဆီ ၂ ပုံး သွားရောက်လှူဒါန်ပေးခဲ့တာလို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအနေနဲ့ တပ်ရင်းတရင်း ထောင်မယ်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူရဲ့ အထောက်အပံ့နဲ့ ရပ်တည်ကြရတာဖြစ်လို့ အခုလို လှူဒါန်းပေးတာဖြစ်ပြီး တော်လှန်ရေးလုပ်တယ်ဆိုတာက တိုက်ခိုက်ဖို့ တခုတည်းမဟုတ်ဘဲ  ပြည်သူလူထု အခက်အခဲဒုက္ခဖြစ်နေတဲ့ အချိန်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ် ခံယူထားတယ်လို့ ပြောပါတယ်။

“စတည်ထောင်တုန်းကဆို ပြည်သူတွေက ထောက်ပံပေး ကျွေးမွေးပေးခဲ့ကြသလို ဒီအချိန် ပြည်သူတွေဒုက္ခ ဖြစ်တဲ့အချိန်မှာ ဒီအတိုင်းပစ်ထားလို့မရဘူး။ ကျနော်တို့ အဖွဲ့စည်းတွေ‌လည်း ပြန်ကြည့်ရမယ်၊ ကျနော်တို့ စားရရင် ပြည်သူတွေ ဘယ်တော့မှ မငတ်စေရဘဲ ကျနော်တို့ စားရသလို ပြည်သူတွေ စားရမယ်” လို့ လူငယ်တော်လှန်ရေးတပ်ဦး YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်က ရှားလှကျေးရွာက မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ဧပြီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လူငယ်တော်လှန်ရေးတပ်ဦး YRF တပ်ဖွဲ့ က ဆန်ရိက္ခာတွေ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမျိုး ကျူးလွန်တာမရှိဘဲ PDF အကြမ်းဖက်တွေကသာ မီးရှို့မှုတွေ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်တာတွေ ဆက်တုက်ကျူးလွန်နေတယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက်မီးရှို့ဖျက်စီးကြတာလို့ ပြောဆိုထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း အစပ်က ကျေးရွာ ၂၀ ရွာလောက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို ပြည်သူ ၂၀,၀၀၀ လောက်ထွက်ပြေးနေရကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။DVB

« Older Entries