ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ ရက်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက် မြေကြီးတူးဖော်ရောင်းစားနေ


ရန်ကုန်တိုင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၂၃၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၂၆ ရပ်ကွက်တွေက
မြေတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ စည်ပင်သာယာအဖွဲ့တို့ ပေါင်းပြီး တူးယူရောင်းစားနေကြပါတယ်။
အဲ့ဒီ မြေရောင်းစားနေတဲ့အဖွဲ့ကို စစ်ကောင်စီခန့် ရပ်ကွက် ဥက္ကဋ္ဌဦးကျော်ကျော်ထွေး ဦးဆောင်တာပါ။
မြေကြီးသယ်တဲ့ကား ရာနဲ့ချီပြီး ရပ်ကွက်ထဲက မြေတွေကို တူးရောင်းစားနေကြတာ အခုဆို မြေသယ်ကား အစီးရေပေါင်း ထောင်ချီပြီးရောင်းချပြီးနေပါပြီ။
သယ်ယူရတဲ့ မြေကွက်အနီးအဝေးပေါ်မူတည်ပြီး ကားတစ်စီးကို ငွေကျပ် ၂၀,၀၀၀ ကနေ ကျပ်၃၅,၀၀၀ အထိ ပေါက်စျေးနဲ့ ရောင်းစားနေကြတာဖြစ်ပါတယ်။
ရပ်ကွက်ထဲက ရပ်ကွက်နေပြည်သူတွေက စုပေါင်းပြီး လက်မှတ်ထိုး တိုင်တန်းထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးယူဆောင်ရွက်ခြင်းတစ်စုံတစ်ရာမရှိသေးပါဘူး။
၁၂၅ရပ်ကွက်နဲ့ ပူးတွဲအုပ်ချုပ်ရာ ရပ်ကွက်ဖြစ်ပြီး ကျွန်တော်တို့ လက်ရှိနေတဲ့ ၁၂၃ ရပ်ကွက် ပြည်သူတွေ ထိခိုက်နစ်နာနေကြရပါတယ်။
ရပ်ကွက်ထဲမှာ ရေမြောင်းတူးဖော်ဖို့ဆိုပြီး ခုနစ်ပေကနေ ကိုးပေအထိ အလွန်နက်တဲ့ မြောင်တွေတူးဖော်ပြီးရောင်းစားနေကြတာဖြစ်ပါတယ်။
အရင်က ဘာမှမရှိတဲ့ အုပ်ချုပ်မှူးကတောင် အခု မြေရောင်းရ ငွေတွေနဲ့ တိုက်အိမ် ဆောက်နေပြီးဖြစ်ပါတယ်။ ရပ်ကွက်နေပြည်သူတွေက တိုင်တန်းထားပေမယ့်လည်း အခုထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူး။
ဒီလိုမြောင်းကြီးတွေတူးပြီး မြေကြီးရောင်းစားနေကြတာကြောင့် မိုးရာသီ မိုးကြီးချိန်တွေမှာ ရေမြောင်းတွေထဲ ရေနစ်သေဆုံးတာတွေ အထိရှိလာနိုင်ပါတယ်။
အိန္ဒိယနိုင်ငံကနေ ထောက်ပံ့ဆန်တွေကို စစ်ကောင်စီက ရပ်ကွက်ထဲမှာ ဝေပေးနေပါတယ်။ နိုင်ငံတော်ဝေငှဆန်အဖြစ်နဲ့ အမည်တိတိကျကျမတပ်ဘဲ ၁၂၃ ရပ်ကွက်မှာဆို ၆၁ အိတ်ပဲရတယ်။
၁၂၄ရပ်ကွက်က ဆန်အိပ်ပေါင်း ၁၈၀ ရပါတယ်။ ညီညီမျှမျှမရဘဲ ရာအိမ်မှူးက လုပ်ချင်သလို လုပ်နေတာကိုလည်း ခံနေကြရတာပါ။ ၁၂၃ ရပ်ကွက်က စစ်ကောင်စီခန့်တဲ့ ရာအိမ်မှူး ဦးစိုးသိန်းက သူ့မိသားစုနဲ့ နီးစပ်တဲ့သူတွေကိုသာ ပေးနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၁၂၃ ရပ်ကွက်က အိမ်ခြေ ၄၀၀နီးပါးရှိပေမဲ့ ၆၁ အိမ်ကိုသာ ဆန်များပေးဝေထားပါတယ်။ ဆန်ပေးတဲ့နေရာမှာလည်း ဖိအားပေးခြိမ်းခြောက်တာတွေလုပ်ပါတယ်။
ရာအိမ်မှူးနဲ့ နီးစပ်တဲ့ သူတွေသာပေးတာပါ။ အဲ့ဒီကိစ္စ ဘယ်တိုင်ရမှန်းမသိဘူး ဖြစ်နေပါတယ်။
ဒီအခြေအနေတွေကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မဇ္ဈိမအယ်ဒီတာထံပေးစာကတဆင့် ရေးသားတင်ပြလိုက်ရပါတယ်။mizzima