မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်၊ ကျည်တစ်တောင့် ၊ လူတစ်ဦးကျန်သည်အထိ စခန်းမကျအောင် ခုခံရန် အမိန့်ပေး၊ ထိုင်းစစ်စခန်းနှင့် UWSA “၀” တပ်ဖွဲ့ စခန်းတွေကို မြေပုံထုတ်ပြင်ထားဖို့ ညွှန်ကြား

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေမှာ ခုခံစစ်အတွက် ကြို တင်ပြင်ဆင်ကြဖို့ ညွှန်ကြားချက် ၈၁ ချက် ထုတ်ပြန်ထားတယ်လို့ စစ်ဘက်သတင်းအချက်အလက်တွေကို ကိုးကားပြီး Fortify Rights အဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် ကိုနစ်ကီဒိုင်းမွန်းက လူမှုကွန်ရက်တစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ခေတ်သစ်က ကိုနစ်ကီဒိုင်းမွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီအချက်အလက်တွေဟာသေချာ စိစစ်ပြီးမှ ထုတ်ပြန်တာတွေဖြစ်ပြီး စစ်တပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် စိစစ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ စစ်တပ်သတင်းရင်းမြစ်တစ်ခုကလည်း ခုခံစစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်နေတာ မှန်ကန်တယ်လို့ အတည်ပြုပါတယ်။

ခုခံစစ်နဲ့ပတ်သက်လို့ စစ်တပ်ရဲ့ ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက် ၈၁ ချက်မှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ပါဝင်နေပြီး အဓိကအား ဖြင့်တော့ ရန်သူအင်အား ၁၀ ဆဖြစ်နေရင်တောင်မှ ခုခံတိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မွေးမြူပြီး ခံစစ်ပြင်ကြဖို့လည်းပါဝင်ပါတယ်။

ထူးခြားတာကတော့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ စစ်စခန်းတွေ၊ နယ်စပ်ကျေးရွာတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပစ်မှတ်အဖြစ် ထားရှိဖို့နဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ဖို့ လေ့ကျင့်ထားဖို့ လည်း ညွှန်ကြားပါတယ်။ ထိုင်းစခန်းတွေကို ၁၂၀ မမ ပစ်ခတ်နိုင်ဖို့ကိုလည်း အမိန့်ပေးထားပါတယ်။

ဒါ့အပြင် UWSA “၀” တပ်ဖွဲ့ရဲ့ တပ်စခန်းနဲ့ထိုင်းစစ်စခန်းတွေရဲ့ မြေပုံတွေ တင်ထားကြဖို့လည်း ညွှန်ကြားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်းတွေမှာ ခုခံစစ်ကို အဓိက ထားနေပြီး တိုက်စစ်ထက် စခန်းမကျဖို့ အဓိက ထားညွှန်ကြားနေတာလည်းဖြစ်ပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s