ရန်ကုန်ဗဟန်း၊ ရွှေပေါက်ကံတို့တွင် ဗုံးများပေါက်ကွဲပြီး တွံ့တေးနှင့်လှိုင်သာယာတွင် ရာအိမ်မှူး တစ်ဦး၊ စစ်တပ်နှင့်ပူးပေါင်းဆောင် ရွက်နေသူ တစ်ဦး အသတ်ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် အလွန်ပြင်းထန်သော ဗုံးနှစ်လုံးပေါက်ကွဲသံကြားရကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့ နံနက် ၁၀ နာရီ ၁၄ မိနစ်အချိန်မှာ ဗုံးတစ်လုံးပေါက်တယ်။ အသံအရမ်းကျယ်တယ်။ နောက်တစ်ခါ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ ဒုတိယအကြိမ် ဗုံးထပ်ပေါက်တယ်။ အဲဒါက ပထမဗုံးထက် ဒုတိယဗုံးက ပိုကျယ်တယ်။ မီးခိုးလုံးကြီးတွေတက်လာတာ မြင်လိုက်ရတယ်” ဗဟန်းဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံ၁၂ရပ်ကွက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း သိရှိသည်။

ထို့ပြင်ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန်ဝန်းကျင် ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေသည့် တွံတေးမြို့ နယ် ကရင်ပြည်သူ့ပါတီဥက္ကဌ အယ်မူကြီးသည် တွံတေး-မအူပင်ကားလမ်း သံတံတားအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်မှုကို တွံ့တေးမြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

တွံတေးမြို့ ၊ စျေးသစ်ရပ်ကွက် ၊ မရမ်းကုန်း (၁) လမ်းတွင် နေထိုင်(ခေတ္တ)သည့် အယ်မူကြီးဆိုသူကို တွံတေးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော မြို့ပြပြောက်ကျားအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံခဲ့ရသူ အယ်မူကြီးသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ လက်နက်ကိုင် DKBA,BGF တို့နှင့် ပူးပေါင်း၍ မြို့နယ်ပျူစောထီးအဖွဲ့ များ ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေခြင်း၊ လူရွယ်များအား PDFများဟု စွပ်စွဲအမည်တပ်၍ ဖမ်းဆီးခိုင်းခြင်း၊ ဖမ်းဆီးခံရသည့်လူငယ်တွေကို အမှုလိုက်ပွဲစားလုပ်ခြင်း၊ လူထုတော်လှန် ရေးအစတွင် ဆန္ဒထုတ်ဖော်သူတွေကို ဆန္ဒမပြရန်ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှု စာသင်ကျောင်း CDMဆရာ/ဆ ရာမတွေကို ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင်သင်ကြားစေခြင်း နှင့် လူမျိုးရေးနှင့်ဘာသာရေးတွေကို အကြောင်းပြုပြီး အကြမ်းဖက်စစ်ကောင် စီ အလိုကျသတင်းပေးခြင်း၊ ကရင်အမျိုးသားတွေကိုစစ်ကောင်စီအားထောက်ခံလာစေရန် စည်းရုံးလှုံ့ဆော်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အမှတ် ၉ ရပ်ကွက် သရက်လမ်း တွင် စစ်မှု ထမ်းဟောင်း စစ်ကောင်စီခန့် ရာအိမ်မှုး ထွန်းကျော် သေနတ်ဖြင့် ၂ ချက်တိတိပစ်ခတ်ခံခဲ့ရကြောင်း၊ ထွန်းကျော်၏ရင်ဝတည့်တည့် ကျည်တစ်ချက် ထိမှန်ခဲ့ပြီး သေဆုံးသွားကြောင်း ၊ အဆိုပါ ရှင်းလင်းမှုကို From Zero to Hero အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးသတ်‌ဖြတ် ခံလိုက်ရသော တော်လှန်ရေးညီနောင်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း From Zero To Hero မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s