NLD အမည်သုံး၍ နိုင်ငံတကာအဖွဲ့များ ၊ သံရုံးများကို ဆက်သွယ်ခြင်းများ မသက်ဆိုင်၊ တ ရားမဝင် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်း ဟု NL D ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် စစ်ကောင်စီ သို့မဟုတ် ၎င်းမှဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်ရန် မည်သူ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကိုမျှ တာဝန်ပေးအပ်ထားခြင်းမရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေး ကျင်းပနိုင်ခြင်းမရှိသည့် ကာလဖြစ်ကြောင်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းရန်တာဝန်ပေးအပ်ထားခြင်းမရှိဟု ဆိုသည်။
စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ သံရုံးများနှင့် ဆက်သွယ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ကို အလွဲသုံးစားပြု၍ ချိတ်ဆက်ဆောင်ရွက်နေမှုများရျိကြောင်း၊ ထိုအရာများသည် NLD နှင့် သက်ဆိုင်ခြင်းမရှိဟု အသိပေးထားသည်။
ယခုထုတ်ပြန်ချက်ကို NLD ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ၏ ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် ပြုပ်လုပ်သော အစည်းအဝေးမှ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit