ကျောက်ပန်းတောင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနက်ဖြင့်ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊စံပြရပ်ကွက်၊စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဦးနေဝင်းအား ယနေ့မေလ၂ရက်နေ့နေ့လည် ၁၂နာရီ၃၀မိနစ်အချိန်တွင်Kyaukpadaung Defence Force-KDF အဖွဲ့မှ သေနက်ဖြင့်၈ချက်ပစ်ခဲ့တယ်လို့သိရသည်။
အုပ်ချုပ်ရေးမှုးဦးနေဝင်းအား စစ်ကောင်စီတပ်ဆွဲထားသော လေးရွာ အ.ထ.က(၃) ကျောင်းနားတွင် သေနက်ဖြင့်၈ချက်ပစ်ခဲ့ပြီး ၆ချက်ထိမှန်ခဲ့တယ်လို့သိရသည်။
“သူကပျူစောထီးအဖွဲ့ရဲ့ခေါင်းဆောင်လဲလုပ်တယ်၊အရင်ဂျာကင်ဝတ်ပြီးအပြင်ထွက်ရင် အတိုတစ်လက်ပါတယ်၊အခုကတော့မပါလာဘူး၊မြို့ပေါ်မှာလိုက်လံဖမ်းဆီးမှုတွေကိုစစ်ကောင်စီကို သူကလိုက်ပြပေးတယ်ဗျ”ဟု Kyaukpadaung Defence Force-KDF အဖွဲ့ကပြောသည်။
အုပ်ချုပ်ရေးမှုးဦးနေဝင်းမှာ အသက်၆၀နီးပါးရှိပီဖြစ်ပြီး သေနက်ဒဏ်ရာဖြင့် ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေဆုံးမှုကိုအတည်မပြုနိုင်သေးပေ။
ဧပြီလ ၂၈ရက်နေ့ကလည်း မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊မြို့မစျေးအနီးရှိ အင်းဝဘဏ်အား ဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။mizzima