ကလေးမြို့နယ်အတွင်း ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၀ ဉီးသေ ကာ ကွယ်ရေးတပ်မှ ၁ ဉီးကျဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာနှင့်ရှားဖိုရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မှ ၁၀ ဉီး သေဆုံးကာ ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဉီးကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG မှ မေလ ၂ ရက် ယမန်နေ့က ထုတ်ပြန် သည်။
ယမန်နေ့ နံနက်ပိုင်းက အောင်မင်္ဂလာရွာမှ ရှာဖိုရွာသို့ အင်အားရာဂဏန်းဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တနေ့ကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်မှ ငါးဉီးသေဆုံးကြောင်း ဆိုသည်။
ယင်းတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF-Kalay ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၊ ရိန်ဂျား ကလေးကာကွယ် ရေးတပ်ဖွဲ့ RKDF နှင့် ပကဖများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်နှစ်ဉီး ဒဏ်ရာရရှိထားပြီး လက်နက် လေးလက်သိမ်းဆည်း ရမိထားကြောင်း သိရသည်။
ပြီးခဲ့သော မေလ ၁ ရက်နေ့ နံနက် ၆ နာရီကလည်း အရှေ့စည်းရွာမြောက်ဖက်မှ လက်နက်ကြီးများဖြင့် ၁၅ ချက်ခန့်ပစ်ခတ်၍ လက်နက်ငယ်များဖြင့်တရပ်စပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသောကြောင့် အနီး ကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဉီးသေဆုံးခဲ့ကြောင်း ဆို သည်။
ယင်းတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ CDF–KKG မှ ရဲဘော် မြင့်နိုင်ဉီး(ခ)ဖိုးသားလေးကျဆုံးပြီး PDF–Kalay မှ ရဲဘော်သုံးဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့်အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်များ အရှေ့စည်းရွာနှင့်အောင်မင်္ဂလာရွာတို့မှ ပြန်လည် ဆုတ်ခွာခြင်းမရှိသေးသောကြောင့် တိုက်ပွဲများအချိန်မရွေးပြန်လည်ဖြစ် ပွားနိုင်ပြီး ဒေသခံပြည်သူ ထောင် ချီ တိုက်ပွဲရှောင်နေရကြကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ mizzima