ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာရှိ နေအိမ်အ လုံး ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ခင်ဦးမြို့ အနောက်တောင်ဘက် ရှစ်မိုင်ခန့်အကွာတွင်ရှိသည့် အင်းပတ်ကျေးရွာကို မေလ ၂ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှိုဖျက်ဆီးမှုဖြစ်စဥ်တွင် အင်းပတ်ကျေးရွာမှ နေအိမ် အလုံး ၃၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူတစ်ဦးကပြော သည်။

“ ရေဦးဘက်ကနေ ကားသုံးစီးနဲ့ဝင်လာတယ်။ ပြီးတော့ အင်းပတ်ကျေးရွာဘောလုံးကွင်းထဲကိုဝင်ပြီး သေနတ်တွေ အဆက်မပြတ်ထောင်ဖောက်တာတွေ လုပ်ပါတယ်။ ဒေသခံပြည်သူတွေကတော့ အကုန်လွတ်ရာ ထွက်ပြေးရှောင် တိမ်းနေရတယ်။ စစ်ကောင်စီ အင်အားက ၆၀ ဝန်းကျင် လောက်တော့ ရှိတယ်။ အင်းပတ်ကျေးရွာကိုတော့ မေလ ၂ ရက် နံနက် ၁၀ နာရီခွဲလောက်မှာ မီးစရှို့တယ်။ နေ့လည် ၂ နာရီလောက်မှ ပြည်သူတွေ ဝင်ပြီး မီးသတ်ခဲ့ရတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အင်းပတ်ရွာသားတစ်ဦးသေဆုံးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များကို လည်း အကြောင်းမဲ့သတ် ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ မေလ ၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ကျားရွာရှိ ပြည်သူများ၏ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s