စစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃၈ ဖွဲ့မှ မြောင်နယ် နဘက်ရွာအနီးတွင် တိုက်ခိုက်ရာ ၄၀ နီးပါး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘက်ရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၈ ဖွဲ့က စစ်ကြောင်းသုံးခုဖြင့် ကြားညှပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင် သေဆုံးကြောင်း ကာကွယ် ရေးတပ်ဖွဲ့များက အသီးသီး ထုတ်ပြန်ထားသည်။

မေလ ၂ ရက်ကဖြစ်ပွားခဲ့သောအဆိုပါတိုက်ပွဲတွင် နဘက်ရွာမြောက်ဘက်၌ စစ်ကြောင်းတစ်ခု၊ အနောက်တောင်ဘက်မှ တစ်ခု၊ အရှေ့တောင်ဘက်မှတစ်ခု ခွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၇ နာရီ ၄၃ မိနစ်တွင် စစ်ကိုင်းခရိုင် တပ်ရင်း ၄ – MSPDF ဦးဆောင်သော မဟာမိတ် ၁၂ ဖွဲ့မှ မြောက်ဘက်စစ် ကြောင်းဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ကန်ပေါင်ပေါ်ကနေ နယ်မြေအသာစီးရတော့ စီးပြီးပစ်ခဲ့တယ်။ ၄၀ မမ ငါးလုံးနဲ့ စထု တယ်။ အဲဒီမှာ နှစ်လုံးက တော်တော်ထိသွားတယ်။ စစ်ကြောင်းက အတန်းလိုက်ကြီးလျှောက်လာတာ ဆိုတော့။ ကျွန်တော်တို့စပစ်လိုက်တော့ ဟိုဘက်ကပြန်ပစ်တာနဲ့ပဲ တစ်နာရီခွဲလောက်ကြာတယ်။ ဖြစ် တာက ကျွန်တော်တို့နဲ့စဖြစ်တာ ကျွန်တော်ကိုယ်တိုင်ပါတယ်။ ပါသွားတဲ့ ၄၀ မမ လည်းအကုန်ကုန်တယ် ကျည်တွေရောပဲ။ အဲဒီနောက်မှ ကျွန်တော်တို့နဲ့အတူပူးပေါင်းလုပ်နေတဲ့အဖွဲ့တွေက ကားတွေနဲ့လာအား ဖြည့်ပြီး RPG နဲ့ ထပ်ထုတယ်၊ ၄၀ မမ ရော အီနာဂါတွေရော။ အဲဒီမှာတင် ထပ်ကျတာ တော်တော်များ တယ်။ ပြီးတော့ ဘယ်ကောင်သတင်းပေးမှန်းမသိဘူး နမခ (အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က လေယာဉ်ထွက်ပြီဆိုပြီး နှစ်ခါလောက်ပြောတယ်။ အဲဒါနဲ့ဆုတ်ဖို့လုပ်လိုက်တာ” ဟု နဘက် မြောက်ဘက် စစ်ကြောင်းဦးဆောင်သည့် MSPDF မှ ကိုမုန်တိုင်းက ပြောသည်။

နံနက် ၇ နာရီ ၄၃ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အထိ စုစုပေါင်း ၃ နာရီကြာတိုက်ခိုက်ပြီးနောက် မြောက်ဘက် စစ်ကြောင်းရှိ ၁၂ ဖွဲ့ ပြန်လည်ဆုတ် ခွာခဲ့ရာ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံး ကြောင်း MSPDF က ထုတ်ပြန်ထားသည်။

မြောက်ဘက်စစ်ကြောင်းအား စစ်ကူပေးကာ လမ်းဖွင့်ပေးရန် အနောက်တောင်ဘက်တွင် နေရာယူထား သည့်အဖွဲ့များက ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အရှေ့တောင်ဘက်စစ်ကြောင်းအခြေအနေကိုလည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့-CDSOM ဦးဆောင်သူကိုနွေဦးက “ ၉ နာရီခွဲလောက် သူတို့(စစ်ကောင်စီတပ်သား)တွေ ကုန်းပေါ် တက်လာတော့ ပစ်ကွင်းရှင်းတာနဲ့ ကျွန်တော်တို့စပစ်ခဲ့တာ။ သူတို့သွားမယ့်လမ်း ကြောင်းသိတော့ မနက် ၄ နာရီလောက်ကတည်းက ကြိုစောင့်ပြီး နေရာအသာစီးရထားတာ။ သုံးဖက်ညှပ်ပစ်တာဆိုတော့ သူတို့ ဘယ်ဘက်ပစ်လို့ ပစ်ရမှန်းမသိဖြစ်သွားတာ။ စနိုက်ပါတွေရော၊ စက်လက်တွေရော တောက်လျှောက်ဆွဲ တာ၊ အော်တိုတွေကလည်း အလက် ၃၀ ကျော်လောက်နဲ့ တောက်လျှောက်ပစ်နေတာ၊ သူတို့ကုန်းပေါ် တက်လာလိုက် ပစ်လိုက်နဲ့ တောက်လျှောက်ဆွဲပစ်တာ။ တက်လာသမျှကတော့ အကုန်ပြုတ်ပြုတ်ကျ တာချည်းပဲ။ ကျွန်တော်တို့အားလုံး ကျည်ကုန်သွားတာနဲ့ မနက် ၁၁ နာရီခွဲလောက်မှာ ပြန်ဖြည့်ဖို့ဆုတ်ရ တာပေါ့ဗျာ” ဟု ပြောပြသည်။

ထိုသို့စစ်ကြောင်းသုံးခုဖြင့်တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ကျဆုံးနိုင်ကြောင်း ကာကွယ် ရေးတပ်ဖွဲ့များက ခန့်မှန်းပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်သားနှစ်ဦး တူမီးယမ်း စင်မှုကြောင့် နဖူးကွဲဒဏ်ရာ ရရှိသွားခဲ့သည်။

ကျန်ရှိသည့်စစ်ကောင်စီတပ်သားများမှာ ဖွားစောကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသဖြင့် ရွာမီးရှို့ခံရ မည်စိုးသည့်အတွက် ဆက်လက်တိုက်ခိုက်မှုမပြုလုပ်တော့ဘဲ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ် ရေးတပ်ဖွဲ့အားလုံး အပြီးပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“သတင်းက တစ်နယ်လုံးပျံ့နေပြီပေါ့နော်။ ပြည်သူတွေကလည်း ထမင်းတွေရော၊ ရေတွေရော၊ မုန့်တွေ ရော လာပို့ကြတာတွေက အများကြီးပဲ။ ရွာတွေက ကြိုဖို့ပြင်ဆင်ထားကြတော့ ရွာတွေထဲဝင်ပြီး ပြန်ခဲ့ကြ တာ ရွာပေါင်းကိုးရွာ။ အားလုံးက ထွက်ကြိုကြတာ ကလေးတွေကအစ” ဟု ပြည်သူများက ၎င်းတို့အား ဝမ်းပမ်းတသာဂုဏ်ပြုကြိုဆိုခဲ့ကြောင်း CDSOM ဦးဆောင်သူ ကိုနွေဦးထံကပြောသည်။

လက်ရှိ အဆိုပါစစ်ကောင်စီတပ်သားများမှာ ကျောက်ဖူးကုန်းကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s