စစ်တပ်နှင့်သွေးသောက်အဖွဲ့က အပြစ်မဲ့ပြည်သူ ၁၁ ဦးကို သတ်ဖြတ်၊ အသတ်ခံရသူများတွင် အဘွားဒေါ်သန်းရွှေနှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ပါဝင်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက် စစ်တပ်နှင့် စစ်တပ်ထောက်ခံသော သွေး သောက် အဖွဲ့က အပြစ်မဲ့ ပြည်သူ ၁၁ ဦးကို သတ်ဖြတ်လိုက်ပြီး အသတ်ခံရသူများတွင် အဘွားဒေါ်သန်းရွှေနှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ပါဝင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာ ပတ်ဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ နေအိမ်ထဲတွင် ရှိနေသော အဘွားဒေါ်သန်းရွှေနှင့် ၅ နှစ်အရွယ်မြေး ၁ ဦး စုစုပေါင်း ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ ည ၁၁ နာရီအချိန် စစ်တပ်နှင့်ပျူစောထီးများက မကွေးတိုင်း ရေစကြို မြို့နယ် စည်သာကျေးရွာ ပတ်ဝန်းကျင် တလျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် စည်သာကျေးရွာ နေအိမ်တလုံး ထိခိုက် ပျက် စီးခဲ့ကြောင်း၊ ထိုနေအိမ်ထဲတွင် ရှိနေသော အဘွားဒေါ်သန်းရွှေနှင့် အသက် ၅ နှစ် အရွယ် မြေး ၁ ဦး စုစုပေါင်း ၂ ဦး ဆုံးပါးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ မေလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာနှင့် မှန်းတန်းကွက်သစ် ကပ်ကျော် ဘုရားကြား ၊တာဘောင်လမ်းတွင် အမရပူရမြို့နယ် NLD စည်းရုံးရေးမှူး ဦးဇော်ကြီးကို သွေးသောက်အဖွဲ့က ဓားဖြင့် သတ်ဖြတ်ပြီး သွေးသောက်အဖွဲ့ဆိုသော လည်ဆွဲကို အလောင်းတွင် ဆွဲထားရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့ ညပိုင်း၊ နတ်မောက်မြို့တွင် စစ်တပ်က အသက် ၄၂ နှစ်အရွယ် ဦးထင်ကျော်ကို ဖမ်းဆီးပြီး ဧပြီလ ၃၀ ရက်နေ့တွင် သေဆုံးသွားပြီဟု ဆိုကာ စစ်တပ်က မီးသဂြိုလ်လိုက်ကြောင်း၊ မိသားစုကို အကြောင်းကြားရုံသာ အကြောင်းကြောင်း သိရှိရသည်။

“ရဲစခန်းမှာ ခေါ်ပြီး အသတ်ခံရတဲ့ ကိုထင်ကျော်က နတ်မောက်မြို့ ၊ အောင်ဆန်းရပ်ကွက်ကပါ။ သူ့အဖေရော သူ့အမေရောက ကျောင်းဆ ရာ၊ ဆရာမ အငြိမ်းစားတွေပါ။ မင်္သကာလို့ခေါ်စစ်တယ်ဆိုပြီး သတ်ပစ်လိုက်တာ” ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ဘက် တအုံကျေးရွာတွင်လည်း ဧပြီလ ၃၀ ရက်နေ့ စစ်တပ် စစ်ကြောင်း ချီတက်လာစဉ် ဆိုင်ကယ်ကို ရပ် ၍ ဖုန်းပြောနေသူ ကိုအေးလင်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ အဆိုပါ ကိုအေးလင်းက ၎င်း၏ ညီမဖြစ်သူကို ဖုန်းဆက်နေသည်ကို စစ်ကြောင်းလာသည့်သတင်းကို PDF ထံ ဖုန်းဆက်၍ ပေးသည်ဟုဆိုကာ စစ်တပ်က ပစ်သတ်သွားခြင်းဖြစ် ကြောင်း တအုံကျေးရွာ ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကိုအေးလင်းက စစ်ကြောင်းလာတဲ့အချိန်မှာ သူ့ညီမနဲ့ဖုန်းပြောနေတာကိုသတင်းပို့တယ်ဆိုပြီးပစ်သတ်သွားတာပါ” ဟု တအုံကျေးရွာဒေသခံကဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို စစ်တပ်က ဧပြီ လ ၂၉ ရက်နေ့တွင် ဝင်ရောက်စီးနင်း၍ ကျေးရွာကို မီးတင်ရှို့သွားပြီး လူ ၃ ဦးကို လည်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“စစ်တပ်က ၃ ယောက်ကို ပစ်သတ်သွားတယ်။ နန်းကိုနဲ့ ဝေယံဖြိုးဦးတဲ့။ အဲဒီ ၂ယောက်က မီးရှို့ခံရတာ။ ကုလားက ဦးနှောက်ပွင့်သွားတယ်။ မီးရှို့သတ်တာ ၂ဦး။ ပစ်ခတ်လို့ ခေါင်းပွင့်တာ ၁ ဦး စုစုပေါင်း ၃ ဦး ” ဟု ကန်တောကျေးရွာသားတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ပင်လည်ဘူး – ကောလင်းလမ်းမပေါ် ဝဲလာကျေးရွာအနီးတွင် ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီအ ချိန်ခန့်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦးကို စစ်တပ်က အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့်လိုက်လံပစ်သတ် ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s