တောင်ဒဂုံ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အ ပါအဝင် လူ ၃ ဦး ပစ်ခတ်ခံရမှု မျက်မြင်တွေ့သူများကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေညှစ်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် လှော်ကားလမ်းမကြီး ကြာကန်မှတ်တိုင်အနီးတွင် ဧပြီလ ၃၀ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူသုံးဦး သေနတ်ပစ်ခံရပြီးနောက် ယင်းဖြစ်စဥ် မျက်မြင် တွေ့သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” အဲ့နားက စျေးဆိုင် တချို့က လူတွေကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး တစ်ရက်လောက်ဖမ်းသွားတာ။ အခုတော့ ပြန်လွတ်လာကြပေမယ့် တချို့က ငါးသိန်းပေးရတယ် တချို့က ဆယ်သိန်းပေးရတယ်တဲ့ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

သေနတ်ပစ်ခံရသူများသည် ရဲကင်းမှူး ၊ ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ ဖြစ်ပြီး စက်မှုဇုန် ၂ ထိပ်ရှိ လက်ဖက်ရည်ဆိုင်မှ အပြန် လမ်းခုလတ်တွင် သေနတ််ပစ်ခံခဲ့ရကာ နှစ်ဦး နေရာတွင် သေဆုံးပြီး တစ်ဦး ဆေးရုံတွင်သေဆုံးသွားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s