ထီးချိုင့်တွင် မိုင်းကွင်းထဲ ရောက်လာသည့် စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၂ဝဦးခန့်သေဆုံး၊ မြင်းခြံတွင်လည်း ပြည်သူပိုင် ပစ္စည်းများ ခိုးလာသည် စစ်ကားမိုင်းဆွဲခံရပြီး စစ် ဗိုလ် ၁ ဦး အပါအဝင် ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ အင်းရွာ လမ်းဆုံတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းကွင်း အရောက်၌ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂ဝ ဦးရှိကြောင်းခဲ့ကြောင်း Special.9-HPDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Special.9-HPDF၊ FOX Army -HPDF၊ ကိုးတောင်ကျားနှင့် ရေမြွေအဖွဲ့တို့က ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် မိုင်းကွင်းအတွင်းသို့ ရောက်လာခြင်းကြောင့် ထိခိုက် သေဆုံးမှု များပြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အလောင်းကို ပြန်လည် ကောက်ယူရန်အတွက် ကိုးထဲရွာပြင်၌ မိုးကာအုပ်ထားသော နာရေး ကားများလည်း အသင့်စောင့်ဆိုင်းနေကြောင်း Special.9-HPDF တပ်ဖွဲ့ထံမှ သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံရဲစခန်းတွင် နေထိုင်သော စစ်ဗိုလ် ၁ဦးနှင့် စခန်းမှူး အပါအဝင် ရဲတပ်သားများ လိုက်ပါလာသော Honda Fit အနက်ရောင်ကားကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဧပြီလ ၂၈ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် တစ်ဦးပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးခဲ့ကြောင်း 27 Revolution Force တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားသည် ဇလပ်ကုန်း ကျေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ပြီး ပြန်လာစဉ်၌ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို 27 Revolution Force၊ Urban Underground Revolution Force (UURF)နှင့် မြေလတ်အဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s