ပင်လောင်း-နေပြည်တော်ကားလမ်း၊ လိန်းလီကြိုးတံတားစောင့် စစ်တပ်ဂိတ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

ပင်လောင်း-နေပြည်တော်ကားလမ်း၊ ပေါင်းလောင်းမြို့ လိန်းလီကြိုးတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေလ ၁ ရက် နံနက်တွင် က ရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် နံနက် ၅ နာရီမှ ၇ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ခုံ PDF တပ်ရင်း ၁၊ တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃ က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများတယ်၊ ကျနော်တို့ဘက်က ကျည် ၁,၀၀၀ ကျော် သုံးပြီး ပစ်ခတ်ခဲ့တယ်။ လက်နက်တွေတော့ မကောက်နိုင်ခဲ့ဘူး။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေ ထောက်ပံ့ပေးကြပါဦး” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တိုက်ခိုက်ခံရသော လိန်းလီကြိုးတံတားမှ နေပြည်တော်ရှိ မင်းအောင်လှိုင်နေထိုင်သော နေအိမ်သို့ ၄၁ မိုင်ခန့်သာ ကွာဝေးသည်။

ဒေသသတင်းရင်းမြစ်များက စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ပြောဆိုကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် အဆိုပါဒေသဝန်းကျင်၌ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကြပ်မှုများ၊ ဒေသခံအချို့ကို ရိုက်နှက်ပစ်ခတ်မှုများရှိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s