ပြည်မြို့နယ်တွင် ကြားကာလ အခမဲ့ပညာသင်ကြားရေးအဖွဲ့မှ တက္ကသိုလ်ဝင်တန်းကို အွန်လိုင်းစနစ်ဖြင့် သင်ကြား မည်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် လာမည့် ဇွန်လ၌ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း စနစ်သစ်နှင့်စနစ်ဟောင်း နှစ်ခုလုံးကို ပြည်မြို့နယ် ကြားကာလအခမဲ့ပညာသင်ကြားရေးအဖွဲ့မှ အွန်လိုင်းစနစ်ဖြင့် သင်ကြားသွားမည်ဟု သိရသည်။

ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့နှင့် ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ တို့မှ ပူးပေါင်းပြီး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ အခုမေလအတွင်းမှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပါတယ်။ သင်ကြားသွားမယ့်အချိန်တွေ၊ လိုအပ်တာတွေကို ဆက်လက်ကြေညာသွားပါမယ်။ သင်မှာက Zoom နဲ့ အွန်လိုင်းကနေသင်မှာပါ။ ကလေးတွေနဲ့ သင်ကြားမယ့်ဆရာ တွေရဲ့ လုံခြုံရေးအတွက်ရော အတတ်နိုင်ဆုံးလုံခြုံအောင် စီစဉ်နေပါတယ်” ဟု ပြည်မြို့နယ် ကြားကာလ အခမဲ့ ပညာသင်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှလည် ဇွန်လတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းနေပြီး လက်ရှိတွင် CDM အင်အား ဆက်လက်အားကောင်းရန်နှင့် ကြားကာလ စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရန်အတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ် ကြောင်း ၎င်းကပြောသည်။

“ကျောင်းသားမိဘတွေကိုပြောချင်တာက ကျနော်တို့အနေနဲ့ စစ်မှန်ပြီးအရည်အသွေးပြည့်မီတဲ့ ဖက်ဒရယ် ပညာ ရေးစနစ် အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ CDM အင်အား ဆက်လက်ကောင်းနေဖို့ CDM ကျောင်း သားတွေအတွက် ပညာရေးအာမခံချက်တွေပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဖွင့်လှစ် မယ့် ကျောင်းကိုမတတ်ကြပါနဲ့ ဆက်လက်ပြီး CDM မှာပါဝင်ပေးကြပါ။ စစ်ကျွန် ပညာရေးစနစ်ရပ်တန့်ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ပေါ်ပေါက်ဖို့အတွက် ဝိုင်းဝန်းကူညီကြပါလို့ ပြောကြားပါရစေ” ဟု ပြည်မြို့ နယ် ကြားကာလအခမဲ့ပညာသင်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်ကြားရေးမှာ ပြည်သူများအနေဖြင့် ကျောင်းလခပေးစရာမလိုဘဲ အားလုံးပါဝင်သင်ကြားနိုင်အောင် ရည်ရွယ် ထားခြင်းဖြစ်သည်။ ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေးအဖွဲ့ကို မေလ ၁ ရက်နေ့တွင် ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့နှင့် ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့မှ ပူးပေါင်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရပညာရေးဝန်ကြီးဌာ န၏ ကြားကာလအခြေခံပညာရေး မူဝါဒ များနှင့်အညီ နေအိမ်အခြေပြုပညာသင်ကြားရေးနှင့် ရပ်ရွာအခြေပြုပညာသင်ကြားရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s