မုံရွာမြို့ တည်းခိုရေးစခန်း ပစ်ခတ်ခံရမှု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ တည်းခိုရေးစခန်းကို ကာကွယ်ရေးတပ်များကလက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယနေ့ မေလ ၃ ရက် နံနက် ၇ နာရီတွင် ကာကွယ်ရေးတပ်များက ကားဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

ထို တည်းခိုရေး စခန်းတွင် စစ်ကောင်စီတပ်က ပျူစောထီးများအား သင်တန်းပေးနေကြောင်း သိရသည်။

“၄၀ မမ နဲ့ အတွင်းထဲကို တစ်ချက် ပစ်လိုက်တယ်။ နောက်ထပ် လက်နက်ငယ်နဲ့လည်း ပစ်တယ်။ ဒါပေမဲ့ လမ်းမှာ ပြည်သူတွေ ရှိနေလို့ ကောင်း ကောင်း မပစ်ခဲ့ရဘူးပေါ့” ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် Special Reginal Attacks Forces − MWA တာဝန်ခံက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှု အပြီး လူနာတင်ယာဉ် နှစ်စင်း ယင်းအဆောက်အအုံဝင်း အတွင်းသို့ ဝင်သွားသည်ကို တွေ့ရပြီး ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် ကားအချို့အား ဖမ်းဆီးပြီး မုံရွာ မြို့တော် ခန်းမအတွင်း စစ်ဆေးနေကြောင်း သိရသည်။

ယခု စစ်ဆင်ရေးအား Special Reginal Attacks Forces(S. R. A. F)၊ မုံရွာခရိုင်တပ်ရင်း(၁) Special Force11.PDFနှင့် Monywa Satan အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ် အဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s