မြိုင်-ပခုက္ကူ ကားလမ်းတွင် စစ်ကောင်စီ လက်အောက်ခံ ရဲကားများ မိုင်းဆွဲတိုက်ခိုက်ခံရ

မြိုင်-ပခုက္ကူ ကားလမ်းတွင် ရဲကားနှင့် တပ်ကူလာသော ရဲကားများအား မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မေလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရဲကားအား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကူလာ ရခဲကားကိုလည်း ယင်းနေ့ ၆ နာရီခွဲခန့်တွင် မိုင်း လေးလုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
” ဟုတ်တယ်ဗျ။ မြိုင်-ပခုက္ကူ ကြားမှာရှိတဲ့ ကျွန်တော်တို့ တော်လှန်ရေး ညီအစ်ကိုတွေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ မှန်ပါတယ်။ အဲ့ဒီရဲကားက မြိုင်ကနေ လစာ သွားထုတ်တာ ထင်ပါတယ်။ အဲ့ဒီကားကို တိုက်ခိုက်ခဲ့တာပါ” ဟု ဒေသကာကွယ်ရေးတပ် မြိုင်တပ်ရင်း (၁) တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
အဆိုပါ ရဲကားများအား မိုင်းဆွဲ တိုက်ခိုက်မှု အထိအခိုက် များသည်ဟုသိရပြီး သတင်း အတိအကျအား ထပ်မံ စုံစမ်းနေကြောင်း ၎င်းကပြောသည်။ mizzima