မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပတဲ့ မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပ ညာရေးဌာနဗဟို ညီစားစခန်းမှာ မေလ ၂ ရက် ဒီကနေ့  စတင်ကျင်းပနေပါတယ်။

ဒီညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ အပါအဝင် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ရေးဆွဲသွားဖို့ စီစဉ်ထားသလို မွန်အမျိုးသားရေးရာတွေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒတွေကိုလည်း ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေးဆွဲထားတဲ့ ၂၀၂၀ – ၂၀၃၀ ခုနှစ်ထိ ၁၀ နှစ်တာ မွန်အမျိုးသားစီမံကိန်းကိုလည်း ဆွေးနွေးအတည်ပြုသွားဖို့ စီစဉ်ထားတာပါ။

မေလ ၂ ရက်မှ ၅ ရက်အထိ  ၄ ရက်တာ ကျင်းပသွားမယ့် မွန်အမျိုးသားညီလာခံကိုတော့ မွန်ရဟန်းသံဃာတော်တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားထားတဲ့ တက်သိပညာရှင် ၂၂၀ ကျော် တက်ရောက်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s