ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက် ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်ပြောက်ကျားတော်လှန်ရေးမဟာမိတ် အင်အားစု ၁၄ ဖွဲ့ ပူးပေါင်းကာ Yangon UG Association (YUG) အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေဒေါက်တိုင်များကို အမြစ်ပြတ်တွန်းလှန် ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ် ပေါက်လာရေး၊ ပြည်သူလူထုနှင့် CDM ဝန်ထမ်းများ၏ အသက်အိုး အိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် Yangon UG Association ( YUA ) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
“စုပေါင်းအားနဲ့တိုက်ရင် အချိန်တိုအတွင်းထိရောက်တဲ့ အောင်မြင်မှုတွေရမယ်” ဟု YUG အဖွဲ့ ဖွဲ့စည်းမှု အပေါ် မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက သုံးသပ်ပြောသည်။
Yangon UG Association ( YUA ) အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် မြေအောက်ပြောက်ကျား တော်လှန်ရေးအင်အားစုများမှာ Wolf Warriors STF (WWSTF) ၊ God’s Hand Forces (GHF) ၊ Thongwa Youth Force (TYF) ၊ Kyauktan PDF (K-PDF)၊ Thanlyin Dragon Force (TL Dragon)၊ Scorpion Forces Underground (SFU)၊ Bahan’s Guerrilla Force (B-PDF)၊ Secret Underground Force (S.U.F – Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force & Supply Army (GZDF)၊ Burma Final Revolution Army Forces (BFRAF)၊ ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊ Special Nway Oo (SNO)နှင့် Thaketa’s Urban Guerrilla Force (TUGF) တို့ဖြစ်သည်။
မြေအောက်ပြောက်ကျားတော်လှန်ရေး မဟာမိတ်အင်အားစု ၁၄ ဖွဲ့အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမူန်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Yangon UG Association ( YUA ) ဖွဲ့စည်းတည်ထောင်ခြင်းဖြစ် ကြောင်းလည်း တော်လှန်ရေး မဟာမိတ် အဖွဲ့များက ပြောကြားထားသည်။ mizzima