ဝန်းသို ဒုံးဒုတ်ရွာအနီး တိုက်ပွဲပြင်းထန် PDF ၁ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက် ကျဆုံးမှုရှိ

ဝန်းသိုမြို့နယ် ဒုံးဒုတ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ယနေ့ မေလ ၂ရက် နေ့လယ် ၂နာရီ ၃၀ မိနစ်မှ စတင်ကာတိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ pdf တစ်ဦးကျဆုံးခဲ့သလို စစ်ကောင်စီဘက်မှလည်း ထိခိုက်ကျဆုံးမှုများကြောင်း ကနဦး သတင်းရရှိသည်။

ဝန်းသိုမြို့နယ် ထောက်ကြံ့တောနှင့်ဒုန်းဒုတ်ရွာကြားတွင် ဝန်းသိုဘက်မှ ထွက်ခွာ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်‌ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှုများသည်ဟု Wuntho Revolution WR အဖွဲ့ထံက သိရသည်။

“တိုက်ပွဲက နေ့လယ်ကတည်းက ဖြစ်နေတာ အခုထိမပြီးသေးဘူး။ ဒေသခံ pdf တစ်ဦး ကျဆုံးပြီးတော့ စကစ(စစ်ကောင်စီ)ဘက်က ထိခိုက်ကျဆုံးများတယ်လို့သိရတယ်။ တိုက်ပွဲက အခုထိမပြီးသေးတော့စာရင်းအတိအကျတော့မသိရသေးဘူး” ဟု Wuntho Revolution WR အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

Wuntho Revolution WR အဖွဲ့မှ တာဝန်ရှိသူအား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းနေသည့် ယခုည ၉နာရီ၃၀မိနစ် အချိန်ထိ နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ကျေးရွာ နှစ်ရွာအား မီးရှို့ခဲ့ပြီး ကျေးရွာ ကိုးရွာမှ ပြည်သူများ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများမှာ တိုက်ပွဲဖြစ်ပွားနေသည့် ဒုံးဒုတ်ရွာ အပါအဝင် ညောင်ပင်သာ၊ ထောက်ကြံ့တော၊ ညောင်ထောင်၊ အလယ်ခုံ၊ လက်ပံခုံ၊ ဩဂ၊ ကျွန်းကုန်း၊ အုတ်တိုက်ကုန်း စသည့်ရွာများဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s