ကလေးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ ၂ရက် ဆက်တိုက် တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်သား ၁၀ဦး သေဆုံး၊ PDF ကလေး တပ်ဖွဲ့ဝင် ၁ဦးကျဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသမီးငယ် ၁ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ အရှေ့စည်းရွာနှင့် ရှားဖိုရွာ အနီးအနားတွင် အကြမ်းဖက် စစ်တပ်နှင့် CDF၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ မေလ ၁ရက်နှင့် ၂ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ဦးသေဆုံးခဲ့ကာ PDF ကလေး တပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး စစ်တပ် ပစ်ခတ်သော လက်နက် ကြီးကျည် ထိမှန်၍ အသက် ၁၅နှစ်အရွယ် အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံ CDF တပ်ဖွဲ့များထံမှ သိရသည်။
အရှေ့စည်းရွာ အနီးအနားတွင် မေလ ၁ ရက် နံနက် ၆နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ခြေလျင် စစ်ကြောင်းထိုးလာစဉ် ဒေသခံ ကာကွယ်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး CDF(KKG) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ရှားဖို့ရွာ အနီး တိုက်ပွဲသည် မေ ၂ ရက် နံနက်ပိုင်းက စတင်ကာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်သည် အောင်မင်္ဂလာ ရွာဖက်မှ ရှားဖိုရွာကို စစ်ကြောင်းထိုး၍ တက်လာသောကြောင့် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၅ဦး သေဆုံးခဲ့ကာ သေနတ် ၄လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုးစစ် ဆင်လာသော အကြမ်းဖက် စစ်တပ်နှင့် ပျုစောထီးများကို CDF-KKG၊ PDF(ကလေး)၊ CNDF၊ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ် RKDF နှင့် ပကဖအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၁ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ရေရှင်ရွာသို့ ကျရောက်ခဲ့ကာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ကျဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။khit thit