ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ လူစုနေသည့် အုပ်ချုပ်ရေးမှူးများကို ပြောက်ကျားတပ်ဖွဲ့ သတိပေး

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ လူလိုက်စုနေသည့် အုပ်ချုပ်ရေးမှူးများကို ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့တွင် အစည်း အဝေးခေါ်ယူကာ ရပ်ရွာလုံခြုံရေးသင်တန်းအတွက် တစ်ရွာလျှင်(၂၀)ဦးဖြင့် မေလ (၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးရန် ခိုင်းစေခဲ့ကြောင်း သိရသည်။
“တစ်ခရိုင်လုံးစီမံကိန်းပေါ့ဗျာ။ အခုတော့ တံတားဦးနယ်မှာ စနေတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့် ကြည့်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြီးပြီဆို ပြည်သူစစ်စစ်တွေတော့ လိုက်နာ ကြမှာပါ။ မလိုက်နာတဲ့ သူတွေကိုတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အနေနဲ့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာပါ” ဟု ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြေ ာသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိကျေးရွာများမှ တစ်ရွာလျှင် လူဦးရေ ၂၀ ယောက်ဖြင့် ရပ်ရွာလုံခြုံရေးအတွက် သင်တန်းလာရောက်ပို့ချကာ လ စာ နှင့်လက်နက်ထုတ်ပေးပြီး လိုအပ်လျှင် ရှေ့တန်းသို့ခေါ်ဆောင်ဟု ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်း အစည်းအဝေးတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများကို ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သင်တန်းတက်ရောက်ရန် စည်းရုံးလှုံ့ဆော်နေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ နှင့်ပတ်သက်ပြီး တာဝန်ယူမည် မဟုတ်ကြောင်း ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီက ရပ်ရွာလုံခြုံရေးဆောင်ရွက်ရန်ဟုဆိုကာ ၎င်းတို့ကို ထောက်ခံသူများဖြင့် မြို့နယ်တိုင်းတွင် အဖွဲ့များ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်လာနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို ပျူစောထီးများဖြင့် ပူးပေါင်းကာ ဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ mizzima