စစ်ကောင်စီခန့်ပညာရေးဝန်ကြီးက တက္က သိုလ် ဝန်ထမ်းများ အစားထိုးခန့်အပ်ရန် စီစဉ်

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက တက္ကသိုလ်များတွင် လစ်လပ်နေသည့်နေရာများအ တွက် အစားထိုးခန့်အပ်သွားမည်ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ၎င်းက တက္ကသိုလ်များတွင် လစ် လပ်နေသည့် နည်းပြ၊ သရုပ်ပြ ဆရာဆရာမလိုအပ်ချက်များကို ခန့်အပ်ပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ရောက်ရှိခဲ့သည့် ပညာဝန်ထမ်းတစ်ဦးက ဒေါက်တာညွန့်ဖေသည် အရေအတွက်အတိကျကို ပြောကြားခဲ့ခြင်းမရှိဘဲ “ ပြုန်းတီးအင်အားအတိုင်း” ဟူသောစကားရပ်ကိုသာ သုံးနှုန်းခဲ့ကြောင်း မဇ္ဈိမသို့ပြော သည်။
“အရေအတွက်ကိုတော့ မပြောဘူး။ ပြုန်းတီးအင်အားအတိုင်းဆိုပြီး ပြောခဲ့တာပါ” ဟု အထက်ပါ သတင်းရင်းမြစ် က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများမှ စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည့် အကြမ်း မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ဝန်ထမ်းအသီးသီး ပူးပေါင်းပါဝင်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများ လည်း အများအပြားပါဝင်ခဲ့ကြသည်။
တစ်နှစ်အတွင်းတွင် CDM ပြုလုပ်သော ပညာရေးဝန်ထမ်း ၁၀၀,၀၀၀ ကျော်ရှိသည့်အနက်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်မှ ပညာရေးဝန်ထမ်း စုစုပေါင်း ၁၅၀၀၀ ကျော်ရှိကြောင်း RC Of UTAs –CDM ၏ လူမှုကွန် ရက်စာမျက်နှာမှတဆင့် သိရသည်။
ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနအနဖြင့် တက္ကသိုလ်အသီးသီးရှိ လိုအပ် သော အင်အားများဖြည့် တင်းရန်အတွက် လျှောက်လွှာခေါ်ယူခဲ့သေးသည်။ ထိုသို့ကြေညာပြီး တစ်နှစ်အကြာတွင် စစ်ကောင်စီ၏ ပညာရေးဝန်ကြီးကိုယ်တိုင်က ပြုန်းတီးအင်အားများအတွက် ဝန်ထမ်းခန့်ထားပေးမည်ဟု ထပ်မံ ပြောကြားလာခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းက Non-CDM ဆရာဆရာမများကို စည်းစည်းလုံးလုံးနေကြရန်လည်း ပြောကြားခဲ့သေးသည်။
စစ်ကောင်စီ၏ အစားထိုးမည့်အစီအစဉ်နှင့်ပတ်သက်ပြီး ဝါရင့်တက္ကသိုလ်ကထိကတစ်ဦးက “ပြုန်းတီးအင်အားလို့ သုံးတဲ့အတွက် CDM လုပ်သွားတဲ့ ဆရာဆရာမတွေမှာ ပါမောက္ခတွေ ပါမယ်၊ တွဲဖက်ပါမောက္ခတွေ ပါမယ်၊ ကထိက တွေ၊ လက်ထောက်ကထိက တွေပါမယ်။ သူတို့ရဲ့သင်ကြားရေးအတွေ့အကြုံကို ချက်ချင်းမရရနိုင်ဘူး။ အတင်းကြီး ကုစားလို့မရဘူး။ ဒီလိုပဲ နည်းပြတွေ၊ တန်းပြတွေကို ဖုတ်ပူမီးတိုက်ခန့်မယ်ဆိုရင် အနာဂတ်မြန်မာ့ပညာရေးက အလားအလာမကောင်းဘူးလို့ပြောရမယ်” ဟု မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM လှုပ်ရှားမှုကို ဆရာ၊ ဆရာမများသာမက ကျောင်းသားကျောင်းသူများပါ ပြုလုပ်နေကြခြင်းဖြစ် သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်က စစ်ကောင်စီမှ ဖွင့်လှစ်ခဲ့သည့်တက္ကသိုလ်များတွင် တက်ရောက်သူ အနည်းငယ်သာရှိသည်ကို တွေ့ရသည်။
CDM ပြုလုပ်ထားသည့်ဆရာတစ်ဦးလည်းဖြစ် တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ဝင်ဆရာတစ်ဦးက “ စကစ ပညာ ရေးဝန်ကြီးဌာနကလုပ်တဲ့ ဝန်ထမ်းခန့်ထားမှုတွေကို NUG ကနေ ကန့်ကွက်ဖို့လိုတယ်၊ ပြောဖို့လိုတယ်။ တော်လှန် ရေးပြီးရင်လည်း စကစလက်ပါးစေဝန်ထမ်းတွေကို ဆက်ခန့်ထားမလား ဘယ်လိုလုပ်မလဲဆိုတာ ပြတ်ပြတ်သား သားပြောဖို့လိုပြီ” ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် Non-CDM ဆရာဆရာများအပြင် ၎င်းတို့မှ ပေးအပ် သည့် ဘွဲ့များကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်မှုများရှိသည်။mizzima