KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ မယ်ညုထာ၊ ဒေပူနိုနှင့် သေကာထာ ကျေးရွာများအတွင်းသို့ အကြမ်းစစ်ကောင်စီ တိုက်လေယာဉ်များသည် နေ့စဉ်ရက်ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သတင်းရရှိသည်။

ယခု ဗီဒီယိုသည် မေလ ၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လူသောမြို့နယ်အတွင်းရှိ ဒေပူနိုနှင့် သေကာထာကျေးရွာများအတွင်းသို့ ဗုံးကျဲတိုက်ခိုက်နေသည်ကို ဒေသခံတစ်ဦးက မှတ်တမ်း ရိုက်ကူးထားခြင်းဖြစ်သည်။

မေလ ၁ ရက်ညနေတွင် ၁၀ ကြိမ်ခန့် တိုက်လေယာဉ်များ ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်အဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိဟု KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဧပြီလ ၂၈ ရက်တွင်လည်း KNU တပ်မဟာ ၅ အတွင်း နယ်မြေကျူးကျော်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်ညပ်ရှေ့တန်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် မယ်ညုထာနှင့် ဒေပူနိုကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။

မေလ ၁ ရက်နေ့တွင် KNU တပ်မဟာ ၁ လေးကေကျေးရွာ၊ တပ်မဟာ ၅ ဒေပူနိုနှင့် သေကာထာကျေးရွာ၊ တပ်မဟာ ၆ လေးကေ့ကော်ကျေး ရွာများသို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s