KNU တပ်မဟာ ၅ နယ်မြေ မယ်ညုထာကျေး ရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်၊ စပါးကျီ ၁ လုံး မီးလောင်ဆုံးရှံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေပူနိုနှင့် သေကာထာရွာများရှိ နေအိမ်အချို့ ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မာထောရွာတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ မှ တပ်ဖွဲ့ဝင်များသည် ဘူးသိုမြို့နယ်၊ မယ်ညုထာကျေးရွာအတွင်းသို့ မေလ ၁ ရက် ည ၈ နာရီခန့်တွင် ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်မှုကြောင့် ဒေသခံ စောဖားကယ်၏ စပါး ၉၀ တင်းဆံ့ စပါးကျီ ၁ လုံး မီးလောင်ပြာကျသွားသလို အနီးရှိ ဆန်စက် ၁ လုံးပါ မီးလောင်ပျက်စီးခဲ့ရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

အလားတူ မေလ ၁ ရက် ညေန ၄ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လူသောမြို့နယ်အတွင်းရှိ ဒေပူနိုနှင့် သေကာထာကျေးရွာများအတွင်းသို့ ၁၀ ကြိမ်ခန့် ဗုံးကျဲပစ်ခတ်ခြင်းကြောင့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်တွေ စပါးကျီ၊ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s