ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ရ ဟတ်ယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက် ၊ ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းကိုပစ်ချနိုင်ခဲ့ကြောင်း ကာ ကွယ်ရေးတပ်ဖွဲ့ဆို

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ်) CDF – KKG မှ မေလ ၃ ရက် ယမန်နေ့က ထုတ်ပြန်သည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီနှင့် ပျူစောထီး အင်အားရာဂဏန်းခန့်သည် ရှားဖို ကျေးရွာသို့ လက်နက်ကြီးများဖြင့် နေ့ရောညပါပစ်ခတ်ပြီး ရွာ၏ တောင်ဖက်၊ အနောက်ဖက်နှင့် မြောက် ဖက်တို့မှ စစ်ကြောင်းသုံးကြောင်းခွဲ ထိုးစစ်ဆင်လာရာ ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် ခုခံသဖြင့် မေ ၃ ရက်နေ့ထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီဘက်မှ အကျအဆုံးများလာမှုကြောင့် ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်လာရာ အဆိုပါဒရုန်းအား ပူးပေါင်းတပ်ဖွဲ့မှပစ်ချနိုင်ခဲ့ပြီး ညနေ ၃ နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်လာပြီး မြေပြင်စစ်ကြောင်းမှလည်း တရပ်စပ် တိုးဝင်ချဉ်းကပ် ပစ်ခတ်လာမှုကြောင့် ဆုတ်ခွာခဲ့ရကြောင်းဆိုသည်။

ယင်းတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(ကလေး) PDF-Kalay ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF၊ ရိန်ဂျားကလေးကာကွယ်ရေးတပ်ဖွဲ့ RKDF နှင့် ပကဖများမှပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပြီး အကျအဆုံး မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့် ပျူစောထီးများသည် ရှားဖိုရွာအတွင်းသို့ ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ရှားဖိုရွာ နှစ်ရက်တာတိုက်ပွဲအတွင်း ပထမနေ့၌ စစ်ကောင်စီတပ်မှ ငါးဉီးထက်မနည်းကျဆုံးပြီး ပူးပေါင်း တပ်ဖွဲ့အနေဖြင့် သေနတ် လေးလက်သိမ်းဆည်းရမိကာ ဒုတိယနေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုအရေအတွက်အား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

မေလ ၁ ရက်နေ့ နံနက် ၆ နာရီကလည်း ကလေးမြို့နယ် အရှေ့စည်းမြောက်ဖက်မှ လက်နက်ကြီးများဖြင့် ၁၅ ချက်ခန့်ပစ်ခတ်၍ လက်နက် ငယ် များဖြင့် တရပ်စပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသောကြောင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ပြီး CDF – KKG မှ ရဲဘော်တစ်ဉီးကျဆုံး ကာ PDF – Kalay မှ ရဲဘော်သုံးဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s