စော်ဘွားကြီးကုန်း အင်းဝဘဏ်ရှေ့ပေါက်ကွဲမှုဖြစ်
ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရှိ အင်းဝဘဏ်ရှေ့တွင် မေလ၂ရက်နေ့ ည၉နာရီ၃၅မိနစ်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း GenerationZ Defence Force (GZDF) အဖွဲ့ထံက သိရသည်။
“စစ်ကောင်စီတပ်စွဲထားတာခုနစ်ယောက်လောက်တော့ရှိတယ်။ ထိခိုက်မှုမရှိဘူးလို့တော့သိရတယ်”ဟု GZDF အဖွဲ့တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏စီးပွားရေးဒေါက်တိုင်များကို ဖြိုဖျက်နေသည့် ရန်ကုန်မြို့ရှိ UG များကို လတ်တလောတွင် ဖမ်းဆီးခြင်းများပြုလုပ်နေ သောကြောင့်လက်စားချေလိုသော ရည်ရွယ်ချက်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GZDF အဖွဲ့ထံကသိရသည်။
ထိုလုပ်ဆောင်မှုကို GenerationZ Defence Force (GZDF)အဖွဲ့နှင့် Human Right Defender (HRD)အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ mizzima