တည်းခိုခန်း၌ ရှိစဉ် ဝင်ရောက်စီးနင်းခံရပြီး ကျဆုံးသွားသည့်မြစ်ငယ် PDF အဖွဲ့ဝင် ၅ ဦးအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်

မန္တလေးတိုင်း ၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းမှုကြောင့် ပြန်လည် ခုခံရင်း ကျဆုံးခဲ့ရသည့် မြစ်ငယ် PDF တပ်ဖွဲ့ဝင် ငါးဦးအတွက် ဝမ်းနည်းကြောင်း Mandalay Rangers Force (ROM) အဖွဲ့က သတင်း ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၃ ရက်နေ့တွင် ဒဏ်ရာရ လူနာများ ခေတ္တ ဝင်နားသော နေရာအား စစ်ကောင်စီ တပ်ဖွဲ့များက သတင်းရရှိခြင်းကြောင့် ဝင်ရောက် ပစ်ခတ် ဖမ်းဆီးရာတွင် အညံ့မခံဘဲ ခုခံရင်း MNPDF (မြစ်ငယ်PDF) အဖွဲ့မှ ဗိုလ်ကျုံးထန်၊ ရဲဘော်ညီကို၊ ရဲဘော်သြဘာ၊ ရဲဘော်ဖက်တီးနှင့် ရဲဘော်မအိတို့ အင်အား မမျှခြင်းကြောင့် ကျဆုံးခဲ့ရကြောင်း ROM အဖွဲ့က ဆိုသည်။

ထိုသို့ မြင့်မြတ်စွာ သူရဲကောင်းဆန်ဆန် ကျဆုံးခဲ့သည့် မြစ်ငယ် PDF မှ ရဲဘော် ငါးဦးအတွက် မြစ်ငယ် PDF တပ်ဖွဲ့နှင့်အတူ ထပ်တူ ဝမ်းနည်းရကြောင်း Mandalay Rangers Force (ROM) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေ အကုန်လုံးက ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်တွေ အားနည်းချက် တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော်တို့ အသက် ပေးရမယ် ဆိုတာကို သိသိကြီးနဲ့ ဒီလမ်းကို လျှောက်နေရတာ။ သူတို့ကလည်း သူတို့ အာဏာအတွက် သူတို့ လုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ခေါင်းစဉ် အမျိုးမျိုး တပ်ပြီးတော့ အကြမ်းဖက်မှုတွေကို ဖန်တီးနေတာ။ တော်တော်လေးကို ရွံ့ရှာ စက်ဆုပ်ဖွယ် လုပ်ရပ်လို့ မြင်တယ်။ ကျွန်တော်တို့ အတွက် တန်ဖိုးရှိတဲ့ ရဲဘော်တွေ ဆုံးရှုံးရတဲ့ အတွက် နှမြောတသ ဖြစ်တယ်။ သူတို့ မရှိတော့တဲ့ နောက်ပိုင်းမှာ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် ကျန်ခဲ့တဲ့ ရဲဘော်တွေက ပိုပြီးတော့ အလုပ် လုပ်မယ်လို့ပဲ ပြောချင်တယ် ” ဟု ရန်ကုန်မြို့တွင် လှုပ်ရှားနေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ၅၈ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ Green House Inn တွင် ဒဏ်ရာရ PDF လူငယ်တစ်စု တည်းခိုနေစဉ် ဒလန်၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က အင်အား အများအပြားဖြင့် မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s