နန်းထိုက်အောင်စစ်ဆင်ရေး ကော့မှူးနှင့် သန်လျင်တွင်ပြုလုပ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါ အဝင် ၂ ဦး သေ

ရန်ကုန်တိုင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေးအရ မေလ ၃ ရက် ညနေပိုင်းမှာ  ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတယောက်အပါအဝင်  အနည်းဆုံး ၂ ယောက် သေဆုံးသွားပါတယ်။

ဒီညနေပိုင်းမှာ ကော့မှူးမြို့နယ်နဲ့ သန်လျင်မြို့နယ်တွေမှာ စစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး တယောက် အပါအ ဝင် ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာအပြင်းထန်ရရှိခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

“မကျီးကန်-ကျိုက်ထော်လမ်းမပေါ် ငှက်အော်စမ်းကျေးရွာနား နယ်မြေရှင်းလင်းဖို့ ကင်းပတ်လာတဲ့ စစ်ကောင်စီကားကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ညနေ ၄ နာရီလောက်က ကြားဖြတ်ဝင်တိုက်တာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူစစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် သန်လျင်မြို့နယ်ထဲက ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဝင်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေ ၅ နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်တိုက်ခတ်မှုကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ အသိရသေးပါဘူး။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s