ပုသိမ် – မုံရွာကားလမ်းမပေါ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ အသေအဆုံးရှိနိုင်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ အထိအခိုက် အသေအပျောက်များရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

မေလ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီကား နှစ်စီးဖြတ်သန်းသွားလာစဉ် တစ်စီးအား ထိထိမိမိ မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့မိုင်းဆွဲလိုက်တာ ကားကထိုးရပ်သွားပြီး ကားပေါ်ကဆင်းလာတဲ့ စစ်ခွေးတွေ လဲကျကုန်တာ တွေ့ရတယ်” ဟု ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

ယင်းတိုက်ခိုက်မှုအား Yinmarbin Local PDF ၊ Triple Two ၊ Alpha Special Force ၊ Salingyi Border Task Force ၊ Salingyi Regional Defense Force ၊ Monywa Trust of Force နှင့်အတူ Chindwin Galone Yarzar Guerrilla Defense Force တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယနေ့တွင် ယမ်စီမြန်မာကုမ္ပဏီမှကြေးများ သယ်ဆောင်ရန်ရှိသဖြင့် လုံခြုံရေး အထူးတင်ကျပ်လျက်ရှိ ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s