ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအရှေ့ဘက်တွင် စစ်ကား ၃ စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့မှ ယင်းမာပင်မြို့နယ်ဘက်ကို ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီကားသုံးစီးကို တိုက်ခိုက်ခဲ့သည်ဟု ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ယင်းမာပင်မြို့နယ် လည်ငေါက်ရွာ၏အရှေ့ဘက် ယာခင်းများကိုဖြတ်ကာ မောင်းနှင်လာသည့် စစ်ကောင်စီကား ကို ဆရာစံ PDF နှင့် ယင်းမာပင်မြို့နယ်ပြောက်ကျားတပ်ဖွဲ့တို့မှပူးပေါင်းကာ မေလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ သုံးဦးသေဆုံးကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်မှ ဒရုန်းများကို သုံးပြီးတိုက်ခိုက်သည့်အပြင် လက်နက် ကြီးလက်နက်ငယ်များဖြင့်လည်း အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးဘက်က အထိ အခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့ကြောင်းနှင့် ရာသီဥတုအခြေအနေကြောင့် ပြည်သူ့ကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့ဘက်မှ ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ မေလ ၃ ရက် ကလည်း ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဝေးပစ် ROCKET ဒုံကျည် စမ်းသပ်ထုတ်လုပ်အောင်မြင်နေပြီဖြစ် ကြောင်းနှင့် ယခုထက်ပိုကောင်းမွန်သည့် လက်နက်များ ဆက် လက်ထုတ်လုပ်ပြီး အဆုံးထိတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s