သိမ်ဇရပ်ရှိ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူးအား ကျိုက်ထို တော်လှန်ရေး အင်အား စု သုတ်သင်ရှင်းလင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ် တာဘောင်ကွက်သစ်နေ စစ်ကောင်စီသတင်းပေး ဆိုသူ ရာအိမ်မှူး ဦးအောင်ချစ်အား မေလ ၂ရက်နေ့ ည ၈နာရီခန့်တွင် သုတ်သင် ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံက သိရသည်။
ရာအိမ်မှူး ဦးအောင်ချစ်အား ကျိုက်ထိုတော်လှန်ရေးအင်အားစု( KRF ) နှင့် Local PDF Theinzayat ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း သုတ်သင်ခဲ့ ခြင်းဖြစ်သည်ဟု မေလ ၄ရက်နေ့တွင် KRF အဖွဲ့က သတင်းထုတ်ပြန်သည်။
“သူက ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ကတည်း က ဆန္ဒပြတဲ့ သပိတ်ခေါင်းဆောင်တွေကို ချောက်ချဖမ်းဆီးခိုင်းတာမျိုးတွေရှိတယ်။ KRF က ကြေ ညာချက်တွေ ထပ်ခါထပ်ခါ ထုတ်ပြီး သတိပေးခဲ့တာတွေကိုလည်း လျစ်လျူရှုတယ်။ သူလျှို ဒလန်လုပ်ပြီး တော်လှန်ရေး အင်အားစုတွေကို ဒုက္ခဆက်ပေးနေတာ။ ဒါကြောင့် အခုလို သုတ်သင်ရခြင်းဖြစ်ပါတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု( KRF ) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
သိမ်ဇရပ်မြို့သည် ကျိုက်ထိုမြို့နယ်အပိုင် မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်နိမိတ် ကျဉ်းမြောင်းသည့်အတွက် mission ဖော်ဆောင်ရာတွင် အခက် အခဲများရှိကြောင်း KRF အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
“သူရှိတဲ့နေရာကို သေချာထောက်လှမ်း အချိန်အခါကောင်းကိုစောင့်ပြီး ပစ္စတို နဲ့ ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီလို ပစ်ခတ်ခဲ့တဲ့အချိန် ပြည်သူလူထု ထိခိုက်နစ်နာတာတော့ မရှိပါဘူး။ ပစ်ခတ်မှုအပြီး နောက်ပိုင်းမှာတော့ ထုံးစံအတိုင်း စကစ(စစ်ကောင်စီ) ဘက်က ရမ်းသန်းးပစ်ခတ်တာတွေ ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့ပါတယ်” ဟု KRF အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ယခုကဲ့သို့ mission များ ဖော်ဆောင်ရာတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် စနစ်တကျ ဂရုစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူ များအနေဖြင့်လည်း ဂရုစိုက်၍ အသွားအလာ အနေအထိုင်ဆင်ခြင်ကြရန် KRF အဖွဲ့က ပြောကြားထားသည်။ mizzima