အရာတော် မလဲသာ ကျေးရွာသား ၂ ဦးကို စစ် တပ်က မီးရှို့သတ်၊ ပြည်သူ ပိုင်နေအိမ်များလည်း မီးရှို့ခံရပြီး အိမ်ခြေ ၅ဝဝ ကျော် ပြာကျ


စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာ ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာသား ၂ ဦးကို မီးရှို့ သတ်ဖြတ် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် အရာတော်မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာသား တစ်ဦးကို သတ်ဖြတ်ပြီး မီးရှို့ အလောင်း ဖျောက်ခဲ့ခြင်းဖြစ်ကာ ကျန်ကျေးရွာသား တစ်ဦးကို မီး လောင်ပြင် အပျက်အစီးများကြား၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ များသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် ပြည်သူပိုင် နေအိမ် ၅ဝ၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
” အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေ ပစ်ပြီး ရွာကို ဝင်စီးတာ ရွာလုံး ကျွတ်ကို ထွက်ပြေးတိမ်းရှောင်ရတာ ကျေးရွာနေ ပြည်သူ ၂ ဦးသတ်ခံရတယ်။ တစ်ယောက်ကတော့ သတ်ပြီးမှ မီးရှို့ဖျောက်တာ ကျန်တဲ့ တစ်ယောက် ကတော့ မီးလောင်ပြင် အပျက်အစီးတွေကြားထဲမှာတွေ့တာ ဘယ်သူတွေ ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေအကုန်လုံးလည်း ထွက်ပြေးနေကျတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit