ကော့မှူးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တ်ိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၂၀၀ ကျော် ဖမ်း ဆီးခံရ

ရန်ကုန်တ်ိုင်း တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရပြီး နောက် ကျေးရွာ သုံးရွာမှ ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။
ကော့မှူးမြို့နယ် မကျည်းကန်-ကျိုက်ထော် လမ်းမပေါ်တွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် ကားအကြီး တစ်စီးနှင့် အသေးတစ် စီးကို ယမန်နေ့ မေလ ၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တောင်ပိုင်းခရ်ိုင် PDF နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
“စစ်ကောင်စီ စစ်ကား နှစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖြစ်စဉ်မှာ သူတို့ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့တယ်။ အဲ့ဒီတော့ မနေ့ညနေပိုင်းကတည်းက လမ်းပေါ်လာတဲ့ သူတွေကို အကုန်ဖမ်းတာ။ ဒီနေ့မနက် အထိ သိရသလောက် ငှက်အော်စမ်းကျေးရွာ၊ သံကြိုးကျေးရွာနဲ့ ညောင်ထောက်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်နေပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ် တ်ိုက်ခိုက်ခံခဲ့ရသည့် နေရာအနီးရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ ၁၀၀ ကျော်၊ သံကြိုးကျေးရွာမှ ၁၅၀ ကျော်နှင့် ညောင်ထောက်ကျေးရွာမှ ဒေသခံ ၅၀ ထက်မနည်း အပါအဝင် လူကြီး လူငယ် မရွေး ဖမ်းဆီးကာ လက်ရှိအချိန်အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
မေလ ၃ ရက်နေ့ ညနေပိုင်းက ကော့မှူးမြို့နယ် မကျီးကန်-ကျိုက်ထော် လမ်းမပေါ်တွင် နယ်မြေရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီကား နှစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကား အသေးပေါ် လိုက်ပါသည့် သုံးပွင့်အဆင့်ရှိ စစ်ဗိုလ် တစ်ဦးအပါ အဝင် နှစ်ဦး သေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် Kawmhu News Agency က ဖော်ပြသည်။
လက်ရှိ ကော့မှူးမြို့နယ်အတွင်း စစ်ကောင်စီတပ်အင်အားသုံး စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima