ရွှေဘို ညောင်ပင်သာရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ပစ်သတ်၊ ရွာထိပ်တွင် စစ်တပ်က ဗုံးများ ထောင်ထားခဲ့ပြီး ရုပ်အလောင်းများ ကောက်မရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ပစ်သတ် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Shwebo Daily Newsမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်တပ်က သတ်ဖြတ်သွားသူများမှာ ကိုကျော်နိုင်၊ကိုကျော်နိုင်၊ကိုပြည့်ဖြိုးအောင်၊ ကိုဖိုးစပ်၊ ကိုဇော်မင်းအောင်-မမြင့်စန်း တို့ဖြစ်ကြသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ ပြည်သူများ မဝင်နိုင်အောင် ရွာထိပ်တွင် ဗုံးများ ထောင်ထားခဲ့ကာ ပြည်သူများကျေးရွာအ တွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ အလောင်း ကောက်မရသေးကြောင်း သိရသည်။
မေလ ၂ရက်နေ့ နံနက် ၉နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကာ ကျေးရွာ အနီးအနားရှိ ရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” အခုထိရွာထဲ ပြည်သူတွေအကုန် မရောက်သေးဘူး။ စစ်တပ်က ရွာထဲမှာ ကင်းပုန်းတွေနဲ့ ဗုံးထောင်ခဲ့တော့ ပြည်သူတွေ မဝင်ရဲဘူး ဖြစ်နေတယ်”ဟု Shwebo Daily Newsမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit