BPLA လက်ဖြောင့်ဆုကို အမျိုးသမီးစစ်သမီးဆွတ်ခူး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ်(၃)၏ လက်ဖြောင့်ဆုရှင်ဆုကို ဆွတ်ခူးသွားသူက တော့ အမျိုးသမီးစစ်သမီးတစ်ဦးဖြစ်သည်။
အမည်ဖော်ပြထားခြင်းမရှိသော စစ်သမီးသည် သေနတ်ပစ်သင်တန်းတွင် ပစ်ကွင်းအလယ်ဗဟိုကို ခြောက်ကြိမ်တိတိထိမှန်ခဲ့သူဖြစ်သည်ဟု BPLA က ယနေ့ မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ချက်တွင်ပါရျိသည်။
“တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတော့ ကျည်ချန်ထားဖို့လိုတာမို့ ဒီတခေါက်စက်ပစ်ကွင်းမှာ တစ်ယောက်ကို သေနတ် သုံးချက်ပဲ ပစ်ခွင့်ပေးနိုင်ခဲ့ပါတယ်။အားလုံးထဲမှာ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ဟာ ၄၅ မှတ်ကိုယ်စီရရှိခဲ့တာဖြစ်လို့ လက်ဖြောင့်ဆုအတွက် နောက်ထပ် သုံးချက်စီ ထပ်ပစ်ခိုင်းခဲ့ရပါတယ်။ ကျောင်းသူက နောက်ထပ် သုံးချက်စလုံး အလယ်ဗဟိုတည့်တည့်ကိုပဲ ထပ်ထိခဲ့ပြီး ကျောင်း သားကတော့ အကုန် မထိခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဧပြီလ ၁၇ ရက်နေ့က ဖွဲ့စည်းမှုတစ်နှစ်ပြည့်ခဲ့သော BPLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) အပါအဝင် အခြားတိုင်းရင်း သားလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ mizzima