စစ်ကောင်စီတပ်နှင့် CDF မင်းတပ် တိုက်ပွဲ စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်သို့ လာရောက်ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ်က လမ်းခရီးတွင် ဖြတ်တိုက်ခိုက်နေရာ စစ်တပ်ဘက်မှ ၅ ဦးယနေ့ သေဆုံးကြောင်း CDFမင်းတပ်က တရားဝင်သတင်းထုတ်ပြန်သည်။

မေလ ၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှစ၍ စစ်တပ်နှင့်CDF-Mindat တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ‌ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ခန့်တွင် စစ်တပ် ဘက်မှ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြကြောင်း၊ CDF-MINDAT တပ်ဖွဲ့၀င်များ လုံခြုံဘေးကင်းစွာပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း‌ သိရှိရသည်။

ယနေ့ည 45 မိုင်တွင် စကစများ ညအိပ်နိုင်ကြောင်း ခန့်မှန်းရပြီး မနက်ဖြန်တွင်လည်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန)က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s