စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံမည့် EAO ၇ ဖွဲ့ အထူးအစည်း အဝေးပြုလုပ်မည်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ကြားမှုကို အပစ်ရစ် NCA စာချုပ်လက်မှတ်ထိုးရေးထားသည့် တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAO) ခုနစ် ဖွဲ့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ထံက သိရသည်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံခြင်းမပြုမီ အဆိုပါအဖွဲ့ ခုနစ်ဖွဲ့၏ အထူးအစည်းအဝေးတစ်ခုကို မေလ၆ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း PPSTအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ ဘယ်အချက်တွေကို ကိုင်ဆွဲမလဲ။ ဘယ်လိုတုံ့ပြန်မလဲ။ တညီတညွတ်တည်း အလုပ်လုပ်နိုင်ဖို့ပါ။ ကျွန်တော်တို့ အမာခံ ခုနစ် ဖွဲ့ကပါမယ်။ ကျန်တာ သုံးဖွဲ့ပေါ့။ ချင်း(CNF) က မသေချာဘူး။ RCSSနဲ့ KNUကိုတော့ တစ်ခါတည်း တွဲတက်ဖို့ ဖိတ်ထားတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင် စီ(KNU/KNLA-PC)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က သွားရောက်တွေ့ဆုံကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ၂၂ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် ၎င်းကိုယ်တိုင် တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားခဲ့ပြီး နာရီအပိုင်းအကြာမှာပင် ကရင်အမျိုးသားအစည်းရုံး (KNU) မှ တာဝန်ရှိသူတစ်ဦးက တပ်မတော်သည် နိုင်ငံရေးတွင်ပါ ဝင်မည်မဟုတ်ဟု ကတိပြုမှ တွေ့ဆုံဆွေးနွေးမည်ဟု မဇ္ဈိမသတင်းဌာနသို့ ဖြေကြားခဲ့သည်။

စစ်ကောင်စီသည် ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့မပါဝင်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူက သတင်းဌာနအချို့ကို ဖြေကြားထား သည်။

“ကျွန်တော်တို့အမြင်ကတော့ တိုင်းပြည်ကိုငြိမ်းချမ်းအောင် သက်ဆိုင်သူ အားလုံး ပါဝင် ရမယ်။ အခုတစ်ပွဲ၊ နှစ်ပွဲမပါလည်းနောက်ပွဲတွေပါရမှာပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ စစ်ရေးအ ခြေအနေ တင်းမာမှုများ ရှိနေချိန်ဖြစ်သည်။ ထိုအပြင် စစ်ကောင်စီတပ်များသည် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ သတ် ဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် လေကြောင်းအသုံးပြု၍ တိုက်ခိုက် မှုများကိုလည်း လုပ်ဆောင်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s