တိုက်ပွဲဖြစ်ပြီး ၄ ရက်ကြာပျောက်ဆုံးနေသော ဒီးမော့ဆို PDF ရဲဘော် ​ဇော်ဝင်းထွဋ်ကို ဒဏ် ရာများဖြင့် ပြန်လည်တွေ့ရှိ

ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဧပြီလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပျောက်ဆုံးနေသော ဒီးမောဆို PDF တပ်ရင်း A မှ ရဲဘော် ဇော်ဝင်းထွဋ်ကို ကို ယနေ့ မေလ ၄ ရက် ညနေပိုင်းတွင် ပြင်းထန် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးခဲ့​သော ရဲ​ဘော်​​ ​မောင်​ဇော်ဝင်းထွဋ်ကို ဒီးမော့ဆို PDF တပ်ရင်းများမှ ၄ ရက်တိတိ လိုက်လံရှာဖွေခဲ့ပြီး ယနေ့ ညနေ ၅ နာရီခန့်တွင် ပြန်လည် တွေ့ရျိခဲ့ခြင်းဖြစ်သညည်။

ရဲ​ဘော်​မောင်​ဇော်ဝင်းထွဋ်သည် ၄ ရက်တိတိ အစာမစားရကြောင်း ၎င်း၏ သတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝိရိယသည် မိမိတို့တပ်ဖွဲ့အ​နေဖြင့် ​ဝမ်း​မြောက်စွာ ဂုဏ်ပြုအပ်ကြောင်း ရဲ​ဘော်​​မောင်​ဇော်ဝင်းထွဋ် ရရှိထားသည့်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ဆေးကုသပေးနေကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်၊ ​ဒီ/​ကျေးအုပ်စု၊ ​ဒေါငံခါး​ကျေးရွာတွင် ဒီးမောဆို Local PDF တပ်ဖွဲ့ ဗျူဟာ ၃ မှ A ၊B၊ F၊ J တပ်ရင်းတပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း (၁၁၀၂) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား ဧပြီလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s