ကလေးမြို့ရှိ ချိပ်ပိတ်ခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ်အိမ်များကို စစ်ကောင်စီက မြေတိုင်းမှုလုပ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ရှိ ချိပ်ပိတ် ခံထားရသည့် NLD လွှတ်တော် ကိုယ်စားလှယ်များ၏ နေအိမ်များကို စစ်ကောင်စီ တပ်များက ဝင်ရောက်ကာ မြေတိုင်းတာခြင်းများ ပြုလုပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး နေအိမ်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့၏ နေအိမ်များ ဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ် ၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးတို့က ဝင်ရောက် တိုင်းတာခြင်း ဖြစ်သည်။

ယင်းအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ် ခံရခြင်း ဖြစ်သည်။

” ကျွန်မစိတ်ထဲမှာ ထူးပြီး ဝမ်းနည်း ခံစားတာ မရှိပါဘူး။ နိုင်ငံအတွက် အသက်တွေ ပေးကြရတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ နိုင်ငံအတွက် စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို အသက်ပေး တိုက်ပွဲ ဝင်နေကြတဲ့ PDF နဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း အသက်ပေးရသူ လက် နက်ကိုင် အဖွဲ့အစည်း အားလုံး ၊ ထောင်ချခံရတဲ့ အပြစ်မဲ့ ပြည်သူ၊ နေအိမ်မီးရှို့ခံရတဲ့ အပြစ်မဲ့ ပြည်သူတွေ ဆုံးရှုံး နစ်နာရတာတွေထက် စာရင် ကျွန်မတို့အိမ် ချိတ်ပိတ်၊ လိုသလို တိုင်းထွာ အိမ်ထဲဝင်ကြည့်ကြတာ က မပြောပလောက်ပါဘူး” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီက ပြောသည်။

ထို့အပြင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကလည်း ” ကျွန်မတို့ မိဘများ ပိုင်ဆိုင်တဲ့ ချိပ်ပိတ် ခံထားရတဲ့ ကိုးမိုင် အိမ်ရော၊ မြို့သာ အိမ်ရောကို ရဲကား တစ်စီးနဲ့ အင်္ကျီအဖြူဝတ် ဝတုတ်တုတ် လူနဲ့ မိန်းမပါတဲ့ ကားတစ်စီး လာပတ်ကြည့်တယ်လို့ သိရတယ်။ ကျွန်မတို့ ပိုင်ဆိုင်တဲ့ အရာတွေကို ရောင်းမယ် ၊ ဝယ်မယ်ဆိုရင် ရောင်းတဲ့ သူတွေရော ဝယ်မယ့် သူတွေရောကို ပြန်ပြီး လက်တုံ့ ပြန်မယ်ဆိုတာ ကြိုပြော ထားပါမယ် “ ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဒေါ်သန့်ဝေကျော်၏ မိဘများ ပိုင်ဆိုင်သည့် ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးရှိ ချမ်းမြေ့ဆိုင်နှင့် ဆောက်လက်စတိုက်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စစ်တပ်က ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်း၏ မိဘများ ပိုင်ဆိုင်သည့် ချမ်းမြေ့သာယာ အမျိုးသမီးဆောင်နှင့် စာသင်ဝိုင်း ခြံကိုပါ စစ်ကောင်စီအဖွဲ့က ချိပ်ပိတ်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s