ကျောက်ဆည်မြို့တွင် NLD ပါတီဝင်အမျိုး သားနှစ်ဦး အသတ်ခံရ

ကျောက်ဆည်မြို့တွင် NLD ပါတီဝင်အမျိုးသားနှစ်ဦး အသတ်ခံရပြီး သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြား ချိတ်ဆွဲလျက် လမ်းဘေးတွင်စွန့် ပစ်ခံထားရကြောင်း သတင်းရရှိသည်။

“ကျောက်ဆည်-ပလိပ်လမ်းဆုံမှာ စွန့်ပစ်ခံထားရတာပါ။ လည်ပင်းမှာ သွေးသောက်အဖွဲ့စာတန်းနဲ့ လည် ဆွဲချိတ်ထားတယ်။ အလောင်းတွေတွေ့တယ်လို့ သတင်းပေးတာက စစ်အုပ်စုဘက်က သတင်းစဖြန့်တာ ပါ။ သွားကြည့်တော့ တကယ်ကြီးဟုတ်နေတယ်” ဟု ကျောက်ဆည်မြို့ခံသတင်းရင်းမြစ်က ပြောသည်။

အသတ်ခံရသူနှစ်ဦးသည် ကျောက်ဆည်မြို့ တံတားလည်ရပ်နှင့် ကြက်မင်းတွန်ရပ်တို့မှ ဦးတင်သိန်းနှင့် ဦးညိုထွန်းဇော်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ NLD ပါတီအမာခံများဖြစ်ကြောင်း သိရသည်။

“အလောင်းတွေမှာ သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲပါတယ်။ နောက်ပြီးတော့ စဖွတာက PDF ကို ထောက်ပို့လုပ်လို့ဆိုပြီး စဖွတယ်။ ရင်ဘတ်မှာ ကျည်ဆန်ရာတွေနဲ့ အသတ်ခံထားရတာပါ” ဟု ကျောက်ဆည်မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့တွင် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ NLD ပါတီဝင် မိသားစုများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးသတ်ဖြတ်နေသလို သွေး သောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY)ကလည်း အလားတူသတ် ဖြတ်နေကြောင်း သိရသည်။

သတ်ဖြတ်ခံထားရသည့်အလောင်းများတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတန်းပါ လည်ဆွဲ ကတ်ပြားချိတ်ဆွဲခံထားရပြီး ထိုသို့သတ်ဖြတ်ခံရသည်မှာ မန္တလေးတစ်မြို့တည်းတွင် ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s