တောင်ငူခရိုင်တွင် စစ်တပ်က PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်း

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ၊ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် KNLA တပ်ရင်း  ၆ နယ်မြေမှာ မေ ၄ ရက်က  KNLA ၊ PDF စခန်း ၂ ခုကို စစ်ကောင်စီတပ်က သာလွန်အင်အားတွေနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် စခန်းတွေကို စွန့်ခွာခဲ့ရတယ်လို့ ကေအန်ယူသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအခြေစိုက်  ခလရ ၇၃ တပ်ဖွဲ့ဝင်တွေက KNLA/PDF လှည်းဘွဲကြီးစခန်းနဲ့ ထန်တပင်မြို့နယ်  PDF စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သံတောင်ကြီးမြို့နယ်၊ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (NL D)ကိုယ်စားလှယ် ဒေါက်တာအားကာမိုး(ခ)နော်ခရစ္စထွန်းရဲ့ အမျိုးသားဖြစ်သူ ဦးစိုင်းမောင်အံ (CDM ခိုလုံသူ) ကျဆုံးပြီး  PDF တပ်ဖွဲ့ဝင်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူသတင်းရင်းမြစ်က “စကစ က ဒရုန်းနဲ့ကြိုတင် ကင်းထောက်လှမ်းပြီး မနက်စောစောမှာ စခန်း ၂ ခုလုံးကိုဝင်စီးတာ။ လက်နက်ငယ် လက်နက်ကြီး ဖိပစ်ပြီးဝင်လာတာ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသားက ထိမှန်သေဆုံးပြီး အမျိုးသမီးကတော့ လွတ်သွားတယ်။ စခန်းက လက်နက်တချို့ လည်း ပါသွားတယ်” လို့ ပြောပါတယ်။

မေ ၂ ရက်က ရှားစေးဘို၊ ရေလျံတပ်စခန်းတွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား ၂ စီးနဲ့ အင်အားဖြည့်တင်းလာပြီးနောက် မေ ၃ ရက် မ နက် ၃ နာရီလောက်က လယ်ကူးရွာ ၊ခူထီးလို (ချောင်း) ကတဆင့် ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ဝင်ရောက်လာပြီး ညအချိန် ဒရုန်းနဲ့ ကင်းလှည့်ထောက်လှမ်းခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မေ ၅ ရက် မနက် ၁၀ နာရီလောက်က ဇရပ်ကြီးရဲစခန်းမှူး မျိုးထွန်းဝင်းဟာ အရပ်ဝတ်နဲ့ ဇရပ်ကြီးဈေးအတွင်းက လက်ဖက်ရည်ဆိုင်မှာထိုင်နေစဉ် သေနတ် ၆ ချက်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ စခန်းမှူးဟာ ဇရပ်ကြီးဒေသခံ အပြစ်မဲ့လူငယ်တွေကို  PDF စွပ်စွဲပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေသူလို့ ဒေသခံတွေဆီက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s