ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မီးလာရှို့သည့် စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦး ကျဆုံး


ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်အား ခုခံ တိုက်ခိုက်ရင်း လူငယ်တော်လှန်ရေး တပ်ဦး (YRF)မှ ရဲဘော် နေလင်းထက်နှင့် ရဲဘော် ဇေယျာအောင်တို့ မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကျဆုံးခဲ့ကြောင်း YRF မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ရဲဘော် နေလင်းထက်သည် မေလ ၄ရက်နေ့၌ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ရန် ရောက်ရှိလာစဉ် တိုက်ပွဲ ဖြစ် ပွားခဲ့ကာ တိုက်ပွဲအတွင်း သေနတ် ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူစဉ် မေလ ၅ ရက်နေ့၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ပွဲတွင် စစ်သား ၁၈ ဦး မိုင်းဆွဲခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ရဲဘော်နေလင်းထက်က ချက်ကန်ရွာကိုစစ်ကြောင်းထိုးလာသော ပျူခွေး၊စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄ ရက်နေ့ ညနေက ကျည် ဗိုက်ဖောက်ထွက်သွားခဲ့ပါတယ်။ ဆေးကုသမှု ခံယူရာမှ တစ်ရက်သာ ခံပြီး ဆုံးသွားပါတယ်” ဟု YRF ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ရဲဘော် ဇေယျာအောင်သည် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချက်ကန်ရွာ ပြည်သူများ ရွာထဲသို့ ပြန်ဝင်မည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင် စီကို ထောင်ထားသည့် မိုင်းများကို ပြန်လည် ဖြုတ်ရာတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ခြေထောက်ပြတ်သွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်စဉ်တွင် ကျဆုံးသွားခဲ့ကြောင်း YRF ထံမှ သိရှိရသည်။khit thit