ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ် တော်က ကြားနာ၊ Democracy For Myanmar Groupနှင့် နယူးဇီးလန်နိုင်ငံ ခြားရေးဝန်ကြီးတွေ့ဆုံ

အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ်ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိရသည်။

နယူးဇီလန်အစိုးရက NUG ကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုသော မြန်မာပြည်သူများ၏ လက်မှတ်စုစုပေါင်း ၅ သိန်း ကျော်ကြောင့် မေလ ၅ ရက်နေ့ နယူးဇီလန်လွှတ်တော်တွင် တရားဝင်ကြားနာပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NUGကို တရားဝင် မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရေး နယူးဇီလန်လွှတ်တော်၏ မေလ ၅ ရက်နေ့ ကြားနာပွဲသို့ Democracy For Myanmar Group တင်​ထောင်သူတစ်ဦးဖြစ်သူ မတင်မမဦးက onlineဖြင့်တက်​ရောက်ခဲ့ပြီး နယူးဇီလန် ပါလီမန်နိုင်ငံခြား​ရေး၊ကုန်သွယ်​ရေး၊ ကာကွယ်ရေးရာကော်မတီထံသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ အသေးစိတ် တင်ပြမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ တင်ပြချက်ကို မြန်မာ့ ဒီမိုက​ရေစီ​ရေးမှာ နစ်​ပေါင်း၃၀​ကျော်တစ်စိုက်မတ်မတ်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး နယူးဇီလန်အလုပ်သမား သမဂများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း Mr. Ross Wilson ကထောက်ခံတင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Democracy For Myanmar Group က နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ယမန်နှစ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအခြေအ နေများ ရှင်းပြခဲ့ကြကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s