မော်လိုက်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDF အဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် သရက်ပင်လယ်ချောင်ရွာအနီးမှာ မေ ၅ ရက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မော်လိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဆိုင်ကယ်တွေနဲ့ ကင်းပတ်နေတာ၊ အဲဒါ ကြိုသိလို့ မိုင်းဆွဲခဲ့တာ၊ မော်လိုက်မြို့နယ် သရက်ပင် လယ်ချောင်ရွာအနီးမှာ မိုင်းဆွဲခဲ့တယ်။ သူတို့ ၂၁ ယောက်ပါလာတယ်။ အဲဒီထဲ ၈ ယောက်သေတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ရဲဘော်တွေက အထိအခိုက်မရှိဘဲ ပြန်လာ်ဆုတ်ခွာခဲ့တယ်။”

ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မော်လိုက်မြို့နယ်အတွင်းကို ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို MLPDF နဲ့ ပကဖအဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ရဲ ၄ ယောက်သေဆုံးပြီး G3 သေနတ်ကျည် ၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s